Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား စစ်တပ်ကို ကွပ်ကဲနေတယ်လို့ ဟွန်ဆန် လူလုံးပြ

ထိုင်း စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့နယ်စပ်တိုက်ပွဲတွေမှာ ကမ္ဘောဒီးယားစစ်တပ်ဘက်ကပါဝင်ကွပ်ကဲပေးနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကသူရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးရေးသားလာပါတယ်။

ဓာတ်ပုံ - Hun Sen/FB

ဇူလိုင် – ၂၄ ၊ ၂၀၂၅ /People’s Spring

ထိုင်း စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့နယ်စပ်တိုက်ပွဲတွေမှာ ကမ္ဘောဒီးယားစစ်တပ်ဘက်ကပါဝင်ကွပ်ကဲပေးနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကသူရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးရေးသားလာပါတယ်။

အဲဒီအသိပေးရေးသားချက်မှာ မြေပုံတွေကို ကမ္ဘောဒီးယား စစ်ဘက်၊ အရပ်ဘက် အရာရှိတွေနဲ့ ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေ လည်းပူးတွဲဖော်ပြပါတယ်။

ဒါအပြင် ထိုင်းစစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကမ္ဘောဒီးယား စစ်တပ်ကို သားဖြစ်သူ ဝန်ကြီးချုပ် ဟွန်မာနတ် ၊ ကာကွယ်ရေးဝန်ကြီး ၊ စစ်တပ်ဦးစီးချုပ် တို့နဲ့အတူ ကွပ်ကဲနေတယ်ဆိုတာကို ဟွန်ဆန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတွေထဲမှာ မြေပုံတွေကို မှန်ဘီလူးနဲ့ အသေးစိတ်ကြည့်ရှုနေတဲ့ ဟွန်ဆန်ကို တွေ့ရပါတယ်။

ဒါအပြင်သူအနေနဲ့ဘယ်ကိုမှထွက်ပြေးမှာမဟုတ်တာကြောင့်ကမ္ဘောဒီး ယား ပြည်သူတွေ စိတ်မပူကြဖို့ကိုလည်း ဟွန်ဆန်က ရေးသားထားပါတယ်။

ဟွန်ဆန်ဟာ သီးသန့်လေယာဉ်နဲ့ ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကနေ တရုတ်ကို ထွက်ခွာသွားတယ်လို့ ထိုင်းသတင်းမီဒီယာ The Nation က ဒီနေ့ ညနေပိုင်းမှာ ရေးသားပါတယ်။

အဲဒီရေးသားချက်ထွက်လာပြီးနောက် ဟွန်ဆန်က သူဘယ်မှမပြေးဘဲ စစ်တပ် ကို ကွပ်ကဲနေတယ်ဆိုတာကိုဓာတ်ပုံတွေနဲ့ တုံ့ပြန်လာတာပါ။

ဟွန်ဆန်ရဲ့ သားဖြစ်သူ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ကမ္ဘောဒီးယားဟာထိုင်းရဲ့လက်နက်ကိုင်ရန်လိုတိုက်ခိုက်မှုကြောင့် ရွေးချယ်စရာမရှိဘဲ လက်တုံ့ပြန်ရတာလို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘောဒီးယား နိုင်ငံမှာ လူတစ်ဦး ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ တကျော့ပြန် ဆက်ဆံရေး တင်းမာလာချိန်မှာ ကမ္ဘောဒီးယားဟာ နယ်စပ်ကျေးရွာ တစ်ခုကို ရွာလုံးကျွတ် ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပြီးခဲ့တဲ့လကမှ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုထားပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ် တင်းမာမှုတွေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် မြင့်တက်လာနေပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ကမ္ဘောဒီးယားကို ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။