Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန် ကန့်ကွက်

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုသွားမယ့် ပြင်သစ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ အစ္စရေးတို့က အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။

The New York Times

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုသွားမယ့် ပြင်သစ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ အစ္စရေးတို့က အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က စက်တင်ဘာလကျရင် ပါလက်စတိုင်းကို နိုင်ငံတစ်ခု တရားဝင် အသိအမှတ် ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ အင်အားကြီး G7 အစုအဖွဲ့ နိုင်ငံတွေထဲမှာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံး အစိုးရ အနေနဲ့ ပြင်သစ်ကို မှတ်တမ်းဝင်လာစေမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာလကျရင် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကျရင် ပြင်သစ်ဟာ အဲဒီ ဆုံးဖြတ်ချက်ကို တရားဝင် အသိပေး ကြေညာမယ်လို့ မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

The New York Times

ပါလက်စတိုင်းတွေရဲ့ ရန်သူတော် အစ္စရေး အစိုးရကတော့ အဲဒီကိစ္စကို ချက်ချင်း ကန့်ကွက်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ပါလက်စတိုင်းနဲ့ ပတ်သက်လို့ မာခရွန်ရဲ့ သဘောထားကို အပြင်းအထန် ဆန့်ကျင်ကြောင်း Xမှာ တုံ့ပြန်ထားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပြည်သူတွေကို အစုလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိခဲ့တဲ့ ပါလက်စတိုင်းတွေက အစ္စရေးနဲ့ ကပ်လျက်မှာ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာဖို့ ခွင့်ပြုစရာ အကြောင်း မရှိဘူးလို့ သူက ဆိုပါတယ်။ ပါလက်စတိုင်း နိုင်ငံဆိုတာက အစ္စရေးကို နှိပ်ကွပ် ဖြိုခွင်းမယ့် အခြေပြု ဒေသမျိုးသာ ဖြစ်လာမှာ သေချာပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးက မဖြစ်နိုင်ကြောင်း နေတန်ညာဟုက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း အမေရိကန်ဟာ မာခရွန်ရဲ့ အစီအမံကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရူဘီရိုက ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပရမ်းပတာ နိုင်လွန်းပြီး ဟားမားစ်တွေရဲ့ ဝါဒဖြန့်မှုနောက် လိုက်သွားရုံသာ ဖြစ်ကြောင်း၊ ဒေသရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို နောက်ပြန်ဆွဲစေမှာဖြစ်ကြောင်းလည်း Xမှာ ရေးသားထားခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၄၂ နိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် လက်ခံထားတာ၊ ဒါမှမဟုတ် လက်ခံဖို့ စီစဉ်ထားတာတွေ ရှိနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီတို့လို အင်အားကြီး အနောက်နိုင်ငံ တချို့ကတော့ ပါလက်စတိုင်းကို နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ ငြင်းဆိုနေကြဆဲပါ။ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေထဲမှာတော့ နော်ဝေး၊ အိုင်ယာလန်နဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြု စတင်လက်ခံမယ်လို့ မေလမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ကတော့ ပိုပြီး ကြီးမားတဲ့ သက်ရောက် ရိုက်ခတ်မှုမျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကတော့ မာခရွန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်ခုအဖြစ် ချီးကျူး ကြိုဆိုခဲ့ပြီး တခြား ကမ္ဘာ့နိုင်ငံ အသီးသီးလည်း ပြင်သစ်ရဲ့ ဦးဆောင်မှုနောက် လိုက်ကြဖို့ တိုက်တွန်း ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေ ညီလာခံမှာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အော်ကြဟစ်ကြနဲ့ စကားအခြေအတင် ဖြစ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်)ကို ဘရာဇီး အာဏာပိုင်တွေက ပယ်ဖျက်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ လတ်တလော အရေးနိမ့်ထားခဲ့သူ ဖလာဗီယို ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို ရောက်ရှိလာခဲ့ပါတယ်။