Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန် ကန့်ကွက်

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုသွားမယ့် ပြင်သစ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ အစ္စရေးတို့က အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။

The New York Times

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုသွားမယ့် ပြင်သစ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ အစ္စရေးတို့က အပြင်းအထန် ကန့်ကွက် ဝေဖန်ခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က စက်တင်ဘာလကျရင် ပါလက်စတိုင်းကို နိုင်ငံတစ်ခု တရားဝင် အသိအမှတ် ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ အင်အားကြီး G7 အစုအဖွဲ့ နိုင်ငံတွေထဲမှာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံး အစိုးရ အနေနဲ့ ပြင်သစ်ကို မှတ်တမ်းဝင်လာစေမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာလကျရင် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကျရင် ပြင်သစ်ဟာ အဲဒီ ဆုံးဖြတ်ချက်ကို တရားဝင် အသိပေး ကြေညာမယ်လို့ မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

The New York Times

ပါလက်စတိုင်းတွေရဲ့ ရန်သူတော် အစ္စရေး အစိုးရကတော့ အဲဒီကိစ္စကို ချက်ချင်း ကန့်ကွက်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ပါလက်စတိုင်းနဲ့ ပတ်သက်လို့ မာခရွန်ရဲ့ သဘောထားကို အပြင်းအထန် ဆန့်ကျင်ကြောင်း Xမှာ တုံ့ပြန်ထားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပြည်သူတွေကို အစုလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိခဲ့တဲ့ ပါလက်စတိုင်းတွေက အစ္စရေးနဲ့ ကပ်လျက်မှာ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာဖို့ ခွင့်ပြုစရာ အကြောင်း မရှိဘူးလို့ သူက ဆိုပါတယ်။ ပါလက်စတိုင်း နိုင်ငံဆိုတာက အစ္စရေးကို နှိပ်ကွပ် ဖြိုခွင်းမယ့် အခြေပြု ဒေသမျိုးသာ ဖြစ်လာမှာ သေချာပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးက မဖြစ်နိုင်ကြောင်း နေတန်ညာဟုက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ မဟာမိတ် အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း အမေရိကန်ဟာ မာခရွန်ရဲ့ အစီအမံကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရူဘီရိုက ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပရမ်းပတာ နိုင်လွန်းပြီး ဟားမားစ်တွေရဲ့ ဝါဒဖြန့်မှုနောက် လိုက်သွားရုံသာ ဖြစ်ကြောင်း၊ ဒေသရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို နောက်ပြန်ဆွဲစေမှာဖြစ်ကြောင်းလည်း Xမှာ ရေးသားထားခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၄၂ နိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် လက်ခံထားတာ၊ ဒါမှမဟုတ် လက်ခံဖို့ စီစဉ်ထားတာတွေ ရှိနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီတို့လို အင်အားကြီး အနောက်နိုင်ငံ တချို့ကတော့ ပါလက်စတိုင်းကို နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ ငြင်းဆိုနေကြဆဲပါ။ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေထဲမှာတော့ နော်ဝေး၊ အိုင်ယာလန်နဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြု စတင်လက်ခံမယ်လို့ မေလမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ကတော့ ပိုပြီး ကြီးမားတဲ့ သက်ရောက် ရိုက်ခတ်မှုမျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကတော့ မာခရွန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်ခုအဖြစ် ချီးကျူး ကြိုဆိုခဲ့ပြီး တခြား ကမ္ဘာ့နိုင်ငံ အသီးသီးလည်း ပြင်သစ်ရဲ့ ဦးဆောင်မှုနောက် လိုက်ကြဖို့ တိုက်တွန်း ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

Facebook