Connect with us

Hi, what are you looking for?

သတင်း

ဘားအံ ၊ရွှေဂွန်းနဲ့ ကမမောင်းမြို့တွေ ရေဘေးကြုံနေ

သံလွင်မြစ်ရေတက်လာမှုကြောင့်ကရင်ပြည်နယ်ထဲကကမမောင်း၊ ရွှေဂွန်းနဲ့ ဘားအံမြို့ကအနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေလျှံတာတွေ ဖြစ်ပေါ်လာနေပြီး ဒေသခံတွေ ရွှေ့ပြောင်းနေရတာတွေ ရှိနေပြီလို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Photo - Saw Wai/FB

ဇူလိုင် – ၂၅ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

သံလွင်မြစ်ရေတက်လာမှုကြောင့်ကရင်ပြည်နယ်ထဲကကမမောင်း၊ ရွှေဂွန်းနဲ့ ဘားအံမြို့ကအနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေလျှံတာတွေ ဖြစ်ပေါ်လာနေပြီး ဒေသခံတွေ ရွှေ့ပြောင်းနေရတာတွေ ရှိနေပြီလို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တစ်ရက်အတွင်းမှာ ၁ ပေခန့် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားနိုင်ဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလက ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်က အမှတ် (၃) ရပ်ကွက် အနိမ့်ပိုင်းရပ်ကွက်တွေမှာ သံလွင်မြစ်ရေ ဝင်ရောက်လာနေပြီး စာသင်ကျောင်းတချို့လည်း စတင်ပိတ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

လှိုင်းဘွဲမြို့နယ်၊ရွှေဂွန်းကျေးရွာမှာလည်းသံလွင်မြစ်ရေတက်လာတဲ့အတွက်အနိမ့်ပိုင်းရပ်ကွက်ထဲရေဝင်ရောက်လာနေပြီးရေဘေးသင့်ဒေသခံတွေကိုရေဘေးလွတ်ရာဆီရွှေ့ပြောင်းပေးနေရတယ်လို့ မီးသတ်က သတင်းထုတ်ပြန်ထားပါတယ်။

ဘားအံ-မြိုင်ကြီးငူလမ်းပိုင်း ဂျို့ချောင်းရွာနဲ့ ရွှေဂွန်းကျေးရွာကြား လမ်းမပေါ်မှာ ရေကျော်နေပြီး ဒေသခံတွေက အသိပေးပါတယ်။

ဘားအံမြို့အမှတ် (၂ )ရပ်ကွက်၊ အမှတ်( ၅ ) ရပ်ကွက်၊ အိမ်တိုင်ကုန်း၊ ဆယ်အိမ်စု စတဲ့ ကျေးရွာတွေမှာလည်း သံလွင်မြစ်ရေဝင်ရောက်လာနေပြီး ဒေသခံတွေ ရွှေ့ပြောင်းနေကြတာတွေရှိသလို အခုညပိုင်းမှာ မြစ်ရေထပ်တက်လာနိုင်တဲ့အတွက် ကြိုတင်သတိပြုပြီး ရွှေ့ပြောင်းကြဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

“ရေတက်တာမြန်တယ်” လို့ ကရင်ဒေသခံတစ်ဦးက ပြောပါတယ်။

နယ်စပ်မြို့ မြ၀တီမှာတော့ သောင်ရင်းမြစ်ရေဟာ ဒီနေ့မှာ ပြန်လည်ကျဆင်းသွားပေမယ့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။

တချို့နေရာမှာတွေမှာရေကျသွားလို့သန့်ရှင်းရေးတွေပြန်လည်လုပ်ဆောင် နေကြတာတွေ့ရှိရပါတယ်။

ကရင်ပြည်နယ်မှာ ဇူလိုင် ၂၃ ရက်နေ့ကစပြီး ရေဘေး၊ လေပြင်းဘေးနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တစ်ဦး ရေနစ်မျောပါသေဆုံးသွားခဲ့ပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ်တွေတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မိုးဇလကတော့ ဘင်္ဂလားပင်လယ်အောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာမုန်တိုင်းငယ်အဖြစ် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသထဲကို ဆက်လက်ဖြတ်ကျော်လျက်ရှိပြီး မုန်တိုင်းငယ်ရဲ့ အရှိန်အပြင် ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအလွန်ကောင်းနေတာကြောင့် ဇူလိုင်၂၅ ညပိုင်းကနေ ၂၈ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်အားလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို အချို့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာ၀ဘေးအန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။