Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တွင် မြို့နယ် ၈ခု ရေဘေးကြုံပြီး လူ၂၀ကျော် သေဆုံး၊ လယ်ဧကသောင်းချီ ပျက်စီး

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်အတွင်း မြို့နယ် ၈မြို့နယ်ရေဘေးကြုံတွေ့ခဲ့ပြီး လူဦးရေလေးသောင်းကျော် ဘေးသင့်ကာ ၂၁ဦးခန့် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး (HDCO)က သတင်းထုတ်ပြန်သည်။

၂၀၂၅ ဇူလိုင်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ရေနစ်မြုပ်နေသော ကျေးရွာအား တွေ့ရစဉ်။ဓာတ်ပုံ - APM

ဩဂုတ်−၁၃၊ ၂၀၂၅။လူအေး/People’s Spring

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်အတွင်း မြို့နယ် ၈မြို့နယ်ရေဘေးကြုံတွေ့ခဲ့ပြီး လူဦးရေလေးသောင်းကျော် ဘေးသင့်ကာ ၂၁ဦးခန့် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး (HDCO)က သတင်းထုတ်ပြန်သည်။

ဇွန်လနှင့် ဇူလိုင်အတွင်း တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ရေဘေး ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ် ၈မြို့နယ်ရှိ ကျေးရွာပေါင်း ၁၆၅ရွာ ရေဘေးကြုံတွေ့ခဲ့ရပြီး အိမ်ထောင်စု ၉,၇၆၁ စုမှ လူဦးရေ ၄၂,၄၅၉ ဦး ရေဘေးသင့်ကာ လယ်ဧက ၁၈,၈၂၃ဧက ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မိုးရာသီကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် လမ်းခရီးသွားလာရာမှ ရေကြီးနေသည့် နေရာများအရောက်တွင် ရေနစ်ခြင်း၊ ရေစီးဖြင့်မျောပါခြင်းတို့ကြောင့် လူ၂၁ ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အိမ်မွေးတိရိစ္ဆာန်များ (ကြက်၊ဘဲ၊နွား၊၀က်) ထောင်ချီ သေဆုံးခဲ့ရပြီး လမ်း၊တံတား ၁၃စင်း နှင့် ရေတွင်း၊ ရေကန် ၁၈ခု ပျက်စီးခဲ့သည်ဟု ဆိုသည်။

လမ်း၊ တံတားပျက်စီးမှုများမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

” မုန်တိုင်းတိုက်ရိုက်မဝင်ပေမယ့် ရက်ရှည်လများ မိုးကောင်းခဲ့တာ။ ကန်ရိုးတန်းဒေသဆိုတော့ အပျက်အစီးကရှိတယ်။ မိုးကပုံမှန်ထဲကောင်းတော့လည်း ဒေသခံတွေထိကြတာပေါ့။ အကူအညီတွေက ပုံမှန်အတိုင်းမှာတောင်လိုအပ်နေတာ။ အခုဆိုရင်ပိုလိုတာပေါ့”ဟု တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု HDCOက သတင်းထုတ်ပြန်သည်။

AAသည် ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ပြီး ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။

ဒေသခံများသည် စစ်ဘေးနှင့်သဘာဝဘေးကြောင့် စားဝတ်နေရေး အခက်အခဲများရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်တွင် လူသားချင်းဆိုင်ရာအကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်က ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုန်လေအားကောင်းခဲ့ခြင်းနှင့် တောင်တရုတ်ပင်လယ်မှ Wipha မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်မိုးကောင်းခဲ့ပြီး ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်လည်း ရေဘေးကြုံတွေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။