Connect with us

Hi, what are you looking for?

သတင်း

မာနယ်ပလောစခန်းသိမ်းအောင်ပွဲ FFDတပ်ဖွဲ့ဝင် ၂၅ဦးကို KNLAစစ်ဦးစီးချုပ် ဂုဏ်ပြု

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ နှင့် ခရိုင်ခုနစ်ခုလုံးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် Force for Federal Democracy(FFD)တပ်ဖွဲ့ တာဝန်ခံနှင့် ရဲဘော် ၂၄ ဦး စုစုပေါင်း ၂၅ဦးကို မာနယ်ပလောတိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်မှုအပေါ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့သည်။

မာနယ်ပလောစခန်းသိမ်းတိုက်ပွဲမှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA

ဩဂုတ်-၁၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ နှင့် ခရိုင်ခုနစ်ခုလုံးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် Force for Federal Democracy(FFD)တပ်ဖွဲ့ တာဝန်ခံနှင့် ရဲဘော် ၂၄ ဦး စုစုပေါင်း ၂၅ဦးကို မာနယ်ပလောတိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်မှုအပေါ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခဲ့သည်။

KNU ဌာနချုပ်ဟောင်းနေရာဖြစ်သည့် မာနယ်ပလောဒေသကို KNU/KNLA တော်လှန်ရေး ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာတွင် စစ်ကောင်စီထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

KNLA စစ်ဦးစီးချုပ် ၏ ယခုကဲ့သို့ ဂုဏ်ပြုမှုအပေါ် လွန်စွာ ပိတိဖြစ်မိကြောင်း FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

Public Service Announcement

Public Service Announcement

” ဂုဏ်ပြုခံရတဲ့ ရဲဘော် ၂၄ယောက်ထဲမှာ ဆိုရင် စစ်ရေးအတွေ့အကြုံ မှာ နှစ်အနည်းငယ်ပဲရှိသေးတဲ့သူတွေရှိတယ်။ နောက်ဆုံး အပတ်စဉ်စစ်ရေးအတွေ့အကြုံ အရမ်းနုနယ်သေးတဲ့ ရဲဘော်တွေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူတို့ရဲ့ တော်လှန်ရေးအပေါ် တော်လှန်လိုစိတ်ကြောင့် ဒီဂုဏ်ပြုဆုကိုရတာလို့မြင်တယ်။ မာနယ်ပလောဟာ KNU ရဲ့ဌာနချုပ်ဟောင်း ဖြစ်ခဲ့သလို တော်လှန်ရေးရဲ့ တော်လှန်ရေးတပ်အများစု အစပြုရာ နေရာတခုလည်းဖြစ်ခဲ့တယ်။ ဒီလိုသမိုင်းဝင်နေရာမှာ ပါဝင် ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးတော့ကျနော်တို့ ရဲဘော်တွေ ဒီလို ဂုဏ်ပြုဆုကို ရခဲ့တဲ့အတွက် အလွန်ကိုဝမ်းသာပီတိဖြစ်မိပါတယ်”ဟု ကိုအောင်အောင်က ပြောသည်။

KNA/KNLA ဗဟို၏ ဂုဏ်ပြုအသိအမှတ်ပြုခြင်းခံရသူများ၏ အမည်များကိုလည်း FFDက ဖော်ပြခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းလွှာရရှိခဲ့သူများမှာ FFD တာဝန်ခံ စောလေးထူး၊ ရဲဘော်များဖြစ်သည့် ကြာဇံ၊ ရွှေဂဲ၊ ဝင့်သရဖီထွေး (Crown)၊ Kornic၊ ကာကာ၊ စောဝါးဒို၊ ကိုထက်၊ မောင်ခိုင်၊ မောင်မောင်၊ မင်းဂဠုန်၊ ကဲကဲ၊ Danger၊ SKY၊ မော်ကွန်း၊ ဟိန်းခန့်၊ GYM၊ V Jay၊ ဟာဗီး၊ ဖက်တီး၊ ကိုဟိန်း၊ Jame၊ ICE၊ AK နှင့် Smoke တို့ ပါဝင်သည်။

အထက်ဖော်ပြပါရဲဘော်များသည် တာဝန်ပေးချက်အရ မာနယ်ပလောဒသရှိ ရန်သူစစ်စခန်း ( Point 913) ပြန်လည်သိမ်းပိုက်ရယူရန် လူကိုယ်တိုင်မဆုတ်မနစ်လုံလထုတ်ခြင်း ၊ ထိထိရောက်ရောက်စွမ်းစွမ်းတမံပါဝင်မှုကြောင့် KNU ဗဟိုဌာနချုပ် နှင့် KNLA ဌာနချုပ် မာနယ်ပလောကို ၂၀၂၄ ဒီဇင်ဘာ ၁၆ရက်တွင် ပြန်လည်ရရှိခဲ့၍ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီ လက်မှတ်ရေးထိုးထားသည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

လက်နက်ကိုင်တော်လှန်ရေး၌ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့အစည်းကြီးက လူငယ်များကို ဂုဏ်ပြုဆုပေးအပ်ခြင်းသည် တော်လှန်ရေး၌ လူငယ်များ၏ ကြိုးစားမှု ၊ တော်လှန်ရေး၌ ပြည်သူနှင့် လူငယ်များ၏ ပါဝင်မှု အားကောင်းနေခြင်းကို မြင်သာစေကြောင်း ကိုအောင်အောင်က ပြောသည်။

” အကောင်းဆုံးဆက်ပြီးတော့ ဒီအတိုင်း ကြိုးစားကြမယ် တောင့်ခံထားမယ်ဆိုရင်ကျနော်တို့ မျှော်မှန်းနေတဲ့ ပန်းတိုင် စစ်အာဏာရှင်အမြစ်ပြတ်ရေးဆိုတဲ့ ပန်းတိုင်ကို ရောက်ကို ရောက်သွားမှာပဲလို့ ယုံကြည်ကြောင်းပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

FFDသည် KNU/KNLA ခရိုင်နှင့် တပ်မဟာ ခုနစ်ခုလုံး၌ KNLAနှင့်အတူ စစ်ရေးဖော်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

လတ်တလောတွင် တပ်မဟာ(၅)ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၄) မြိတ်-ထားဝယ် ခရိုင်၌ စစ်ရေးဖော်ဆောင်မှုများ ရှိဟု FFD ဒုတာဝန်ခံက ပြောသည်။

” KNU/KNLA ထိုင်းမြန်မာ နယ်စပ်တလျှောက် စခန်းသိမ်းတိုက်ပွဲအများစုမှာ ကျနော်တို့ အကောင်းဆုံးပါဝင်ပြီးတော့ ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်နေပါတယ်”ဟု ကိုအောင်အောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။