Connect with us

Hi, what are you looking for?

သတင်း

ဂျပန်တံတားပေါ် ခုန်ချတဲ့အမျိုးသမီးကိုအချိန်မီကယ်ဆယ်နိုင်

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့တံတားပေါ်မှာ အမျိုးသမီး တဦး ခုန်ချသတ်သေဖို့ ကြိုးစားပေမယ့် အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့အချို့က ပြောပါတယ်။

တံတားပေါ်က ခုန်ချသတ်သေတဲ့ အမျိုးသမီးကို ကယ်ဆယ်ပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ − CJ

သြဂုတ်-၃၀၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့တံတားပေါ်မှာ အမျိုးသမီး တဦး ခုန်ချသတ်သေဖို့ ကြိုးစားပေမယ့် အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့အချို့က ပြောပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဂျပန်တံတားလို့ လူသိများတဲ့ ပုဇွန်တောင်ချောင်းပေါ်တည်ဆောက်ထားတဲ့ ဒေါပုံတံတားသစ်ပေါ်မှာ ဒီကနေ့(သြဂုတ် ၃၀ ရက်) နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

“ချောင်းထဲက သဗ္ဗာန်ယာဉ်မောင်းတွေ တွေ့လို့ ချက်ချင်း ဆယ်ယူလိုက်ပါသောကြောင့် အသက် မဆုံးရှုံးလိုက်ပါဘူး”လို့ ကူညီခဲ့တဲ့ ကိုပူတူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက် (၃၀)ဝန်းကျင် အမျိုးသမီးတဦး တံတားပေါ်က ခုန်ချသတ်သေတာကို လိုင်းကားပေါ်က အမျိုးသမီး တဦးက လှမ်းမြင်ပြီး သတင်းပို့လို့ သွား​ရာကူညီခဲ့တာလို့ သူက ပြောပါတယ်။

“အသက်မသေလို့တော့ တော်ပါသေးတယ်။ ဘဝက ဘယ်လောက်တောင်ပင်ပန်းနေလို့လည်းမသိဘူး” လို့ ဒေါပုံမြို့ခံတဦးက ပြောပါတယ်။

ခုန်ချတဲ့အမျိုးသမီးနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ကျန်းမာရေးကို ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ရဲက အမှုမဖွင့်ဖို့လည်း သူက တိုက်တွန်းပါတယ်။

မနှစ်ကလည်း ဒေါပုံတံတားသစ်ပေါ်ကနေ သက်ကြီးပိုင်းအမျိုးသမီးတဦးခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။၂၀၂၂ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ဖြစ်စဥ်တွေ များလာတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့ဝင်တွေက ပြောထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။