Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်၌ တိုက်ပွဲပြင်းထန်နေပြီး ကျောက်မဲမြို့ကို တိုက်ခိုက်မည်ဟု စစ်တပ်ဝါဒဖြန့်သူများ ခြိမ်းခြောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး ကျောက်မဲမြို့ကိုတိုက်ခိုက်မည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သူများက ခြိမ်းခြောက်နေသည်။

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်ဗုံးကြဲ၍ ​နေအိမ်အချို့ပျက်စီး​နေမှု။ဓာတ်ပုံ-TNLA

ဩဂုတ်၃၁၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး ကျောက်မဲမြို့ကိုတိုက်ခိုက်မည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သူများက ခြိမ်းခြောက်နေသည်။

နောင်ပိန်ကျေးရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းများဝင်ရောက်လာသည့် ဩဂုတ် ၁၉ရက်မှစတင်ကာ ယနေ့ (ဩဂုတ် ၃၁ရက်)အထိ တိုက်ပွဲပြင်းထန်နေသည်။

“ဖြစ်နေတဲ့တိုက်ပွဲမှာ နှစ်ဖက်စလုံး အထိအခိုက်တွေများတယ်။ TNLA ဘက်က ပိုထိတယ်။အခုက စစ်တပ်က ‌ကျောက်မဲကိုလည်းတိုက်မယ်လို့ သတင်းလွင့်ပြီး လေကြောင်းကနေ ပစ်နေတယ်။ အရပ်သားတွေအနေနဲ့ ရှောင်ကိုရှောင်ရတော့မယ့်အခြေအနေရောက်နေတယ်”ဟု ကျောက်မဲဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်မဲမြို့ကို တိုက်ခိုက်တော့မည်ဖြစ်ပြီး နောင်ပိန်ရွာတိုက်ပွဲတွင်လည်း TNLA ဆုတ်ခွာနေကြောင်း ရေးသားနေသည်။ လက်ရှိစစ်ရေးအခြေအနေအရ TNLA သည် ခုခံစစ်ကိုဆင်နွှဲနေရပြီး ကျောက်မဲမြို့နယ်အတွင်းမှ အရပ်သားများအတွက် လေကြောင်းအန္တရာယ်ကြီးမားနေကြောင်းရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။

နောင်ပိန်တိုက်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားများအားပစ်မှတ်ထားသတ်ဖြတ်မှုများကျူးလွန်ခဲ့၍ ကျောက်မဲ-နောင်ပိန်လမ်းတလျှောက်မှ ကျေးရွာများ အန္တရာယ်ကြီးမားနေသည်ဟု ၎င်းကပြောသည်။ ကျောက်မဲမြို့နှင့်နောင်ပိန်တိုက်နယ်သည် ၁၅မိုင်ခန့်ဝေးပြီး လမ်းတလျှောက်နှင့် ပတ်ဝန်းကျင်၌ ကျေးရွာဆယ်ရွာထက်မနည်းရှိနေသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၃၀ရက်ည ၉နာရီ ၄၈မိနစ်တွင် တကြိမ်၊ ၉နာရီ မိနစ်၅၀ တွင် တစ်ကြိမ် ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအတွင်း ပေါင် (၂၅၀) ဗုံးနှစ်လုံးကြဲချခဲ့​သောကြောင့် နေအိမ် လေးလုံးဗုံးစထိမှန် ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၂၉ရက်ကလည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့၊ပန်သပြေကျေးရွာအတွင်းပေါင် ၂၅၀ဗုံး လေးလုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင်၊ သံဃာတော်နှင့် ပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံး၊ကျောင်းဆောင် (၅)ဆောင်နှင့် ဓမ္မာရုံ (၁)ရုံတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟုထပ်မံဖော်ပြထားသည်။

ထိုကြောင့်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာရန် လိုအပ်သည်ဟု သတိပေးထားသည်။

နောင်ပိန်တိုက်နယ်အတွင်း တိုက်ပွဲဖြစ်နေစဉ် သြဂုတ်၂၃ရက်က အရပ်သားနေထိုင်ရာကျေးရွာကို စစ်ကောင်စီက ပိတ်ဆို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့၍ အရပ်သား၄ဦး ထက်မနည်းသေဆုံးခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဝင်ခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်မှဒေသခံအချို့ ဘေးလွတ်မည်ထင်ရာသို့ကြိုတင် တိမ်းရှောင်နေကြသော်လည်း ပြည်သူအများစုကျန်နေသေးသည်။ မြို့ပေါ်တွင် ကျန်နေသူများအတွက် စိုးရိမ်နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့အချို့က ပြောသည်။

TNLA နှင့်စစ်ကောင်စီသည်တရုတ်နိုင်ငံတွင် ဆွေးနွေးခဲ့သော်လည်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ တိုက်ပွဲများပိုမိုပြင်းထန်နေခြင်းဖြစ်သည်။ ဆွေးနွေးပွဲပျက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း TNLA က အတည်မပြုသေးပေ။

ထို့အပြင် ဆွေးနွေးနေစဉ်အချိန်၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သည်။ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့်အခြေအနေကြောင့် TNLA အနေဖြင့် မဟာမိတ်ဖြင့် ဆွေးနွေးညှိနှိုင်း၍စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ရန် နိုင်ငံရေးအသိုင်းအဝိုင်းက တိုက်တွန်းနေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။