အီဗရာဟင်
ခေါင်နေတဲ့ မိုးက
သဲသဲမဲမဲ ရွာနေပြီ
အော်ခဲ့ရတဲ့ ပါးစပ်တွေ

Public Service Announcement
ခုထိ မပျော်နိုင်သေးဘူး
မာယာများတဲ့ကမ္ဘာထဲ
အစာဝဖို့
အစာငတ်ခံဆန္ဒပြခဲ့ကြတယ်
အံကြိတ်ငိုခဲ့ရဖူးတဲ့
ရွှေရောင်စျာပနတွေက
အရိပ်ပေါ် အရိပ်ဆင့်လို့
တူမီးကနေ မောင်းပြန်တောင်
ပြောင်းခဲ့ရသေးတာပဲ
နတ်ဆိုးတွေလောက်တော့
ဒီကမ္ဘာမှာ
ဘယ်သူမှ ကြောက်မနေတော့ဘူး
သမိုင်းဆိုတိုင်း
စပယ်အရိုင်းတွေက
လူတိုင်းနဲ့မတည့်နိုင်ဘူးပေါ့ ။ ။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘အီဗရာ’
ရေးဖွဲ့တဲ့ “လူငယ်တွေရဲ့သမိုင်း”ကဗျာကို
People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက်အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































