Connect with us

Hi, what are you looking for?

News

စစ်ရေးတင်းမာမှု ပိုဖြစ်လာနိုင်သည်ဟုယူဆ၍ ချင်းဒေသခံများ နယ်စပ်သို့ဆက်လက်တိမ်းရှောင်နေ

“စစ်ရေးအခြေအနေ တင်းမာလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပြည်သူတွေ တစ်ရက်၊တစ်ရက် နယ်စပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေကတော့ ဆက်ပြီးတော့ ရှိနေတာပေ့ါ”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာကာ တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု ယူဆပြီး ချင်းပြည်နယ်ရှိ ဒေသခံများသည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများသို့ ဆက်လက် တိမ်းရှောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ငြိမ်နေသော်လည်း ချင်းလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ၎င်းကဆိုသည်။

(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နာရ်ချိပ့် စစ်​ဘေး​ရှောင်စခန်းတွင်တွေ့ရ​သော ချင်းတိုင်းရင်းသားများ၊ ဓာတ်ပုံ – The Chin Journal)

“စစ်ရေးအခြေအနေ တင်းမာလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပြည်သူတွေ တစ်ရက်၊တစ်ရက် နယ်စပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေကတော့ ဆက်ပြီးတော့ ရှိနေတာပေ့ါ”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ပလက်၀၊ တီးတိန် မြို့နယ်များမှ ဒေသခံမျး မိသားစုလိုက် တိမ်းရှောင်ကြပြီးအများစုမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နယ်စပ်ရွာများ၌ ခိုလှုံနေကြောင်း၊ စစ်ရှောင်အရေအတွက်ကို စုစည်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နာရ်ချိပ့် စစ်​ဘေး​ရှောင်စခန်းတွင်တွေ့ရ​သော ချင်းတိုင်းရင်းသားများ၊ ဓာတ်ပုံ – The Chin Journal)

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။ နိုဝင်ဘာ ပထမပတ်နှင့် ဒုတိယ ပတ်အတွင်း ဟားခါး၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)က ထွက်ခွာလာတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကြောင့် ပေါက်မြို့နယ်အတွင်းက ပြည်သူ ၇၀၀၀ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းနေရကြောင်း ဒေသခံများက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနယ်စပ်မှာမြန်မာဖက်ခြမ်းက ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကိုဆီမရောင်းတော့တဲ့ ဓာတ်ဆီဆိုင်တွေ ပိုများလာနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။