Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရေးတင်းမာမှု ပိုဖြစ်လာနိုင်သည်ဟုယူဆ၍ ချင်းဒေသခံများ နယ်စပ်သို့ဆက်လက်တိမ်းရှောင်နေ

“စစ်ရေးအခြေအနေ တင်းမာလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပြည်သူတွေ တစ်ရက်၊တစ်ရက် နယ်စပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေကတော့ ဆက်ပြီးတော့ ရှိနေတာပေ့ါ”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာကာ တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု ယူဆပြီး ချင်းပြည်နယ်ရှိ ဒေသခံများသည် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများသို့ ဆက်လက် တိမ်းရှောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ငြိမ်နေသော်လည်း ချင်းလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ၎င်းကဆိုသည်။

(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နာရ်ချိပ့် စစ်​ဘေး​ရှောင်စခန်းတွင်တွေ့ရ​သော ချင်းတိုင်းရင်းသားများ၊ ဓာတ်ပုံ – The Chin Journal)

“စစ်ရေးအခြေအနေ တင်းမာလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပြည်သူတွေ တစ်ရက်၊တစ်ရက် နယ်စပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေကတော့ ဆက်ပြီးတော့ ရှိနေတာပေ့ါ”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ပလက်၀၊ တီးတိန် မြို့နယ်များမှ ဒေသခံမျး မိသားစုလိုက် တိမ်းရှောင်ကြပြီးအများစုမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နယ်စပ်ရွာများ၌ ခိုလှုံနေကြောင်း၊ စစ်ရှောင်အရေအတွက်ကို စုစည်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နာရ်ချိပ့် စစ်​ဘေး​ရှောင်စခန်းတွင်တွေ့ရ​သော ချင်းတိုင်းရင်းသားများ၊ ဓာတ်ပုံ – The Chin Journal)

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။ နိုဝင်ဘာ ပထမပတ်နှင့် ဒုတိယ ပတ်အတွင်း ဟားခါး၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။