Connect with us

Hi, what are you looking for?

သတင်း

မွန်တပ် RMA က တပ်သားသစ်များ ဖိတ်ခေါ်

စစ်ကောင်စီကို တိုက်ခိုက်နေသည့် ရာမညမွန်တပ်တော်(RMA)က တပ်သားသစ်များဖိတ်ခေါ်သည့် ကြေညာချက်ကို ယနေ့ စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား တော်လှန်လိုသူများ တပ်ဖွဲ့ဝင်အဖြစ် အလိုရှိကြောင်း ထုတ်ပြန်သည်။

ရာမညမွန်တပ်တော်(RMA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − RMA

စက်တင်ဘာ− ၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကောင်စီကို တိုက်ခိုက်နေသည့် ရာမညမွန်တပ်တော်(RMA)က တပ်သားသစ်များဖိတ်ခေါ်သည့် ကြေညာချက်ကို ယနေ့ စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား တော်လှန်လိုသူများ တပ်ဖွဲ့ဝင်အဖြစ် အလိုရှိကြောင်း ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးအတွက် ကဏ္ဍမျိုးစုံတွင် ပါဝင်တော်လှန်ကြမည့် တာဝန်သိပြည်သူများအနေဖြင့် RMAက သတ်မှတ်ထားသည့် အချက်များနှင့်ကိုက်ညီပါက ရာမညမွန်တပ်တော်(RMA)၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ၌ ဆက်သွယ်နိုင်ဟု ဖိတ်ခေါ်ထားသည်။

တပ်သားသစ်အဖြစ် ပါဝင်လိုသူများသည် အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်အမြစ်ပြတ်သည်အထိ‌ တော်လှန်လိုစိတ်ရှိရမည် ဖြစ်ကြောင်း သတ်မှတ်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကိုယ်ကျိုးစွန့် ပေးဆပ်နိုင်ပြီး တော်လှန်ရေးလုပ်ငန်းများကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်နိုင်သော စိတ်ဓာတ်ရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်၊ ရာဇဝတ်မှုကင်းရှင်းသူဖြစ်ရမည်ဟု အသိပေးသည်။

“ရာမညမွန်တပ်တော် (RMA) တွင် တိုက်ခိုက်ရေးနှင့် နည်းပညာဌာနများပါဝင်သည့် ဌာနဆိုင်ရာ အသီးသီး ရှိသည့်အလျောက် မိမိကျွမ်းကျင်ရာ နယ်ပယ်တွင် တာဝန်ယူ၍ အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်လိုသော စိတ်ဓာတ်ရင့်သန်သည့် လူငယ်များအား ဖိတ်ခေါ်လိုက်သည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တပ်သားသစ်ခေါ်ယူမှုနှင့်ပတ်သက်၍ RMA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

RMAသည် မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် NMSP-ADနှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့ပူးပေါင်းထားသည့် တပ်ဖွဲ့ဖြစ်သည်။

NMSP-ADနှင့် MLA တို့ ပူးပေါင်းထားသည် RMAသည် ဒေသတွင်း အခြား မွန်တော်လှန်ရေးတပ်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့နှင့် လက်တွဲပြီးလည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ထို့ပြင် စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေရန်၊ စစ်ကျွန်သက်ဆိုးရှည်စေရန် ဖြစ်၍ ယင်းအတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ကာ နည်းမျိုးစုံဖြင့်ဆန့်ကျင်တိုက်ဖျက်မည်ဟု RMAက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာကျေးရွာကြားရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမည မွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်း နေရာ ၅ခုကို တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMDP)/ ရာမညမွန်တပ်တော် (RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ရာမညမွန်တပ်တော်(NMSP-AD/RMA)တွင် အခြား မွန်တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်သော မွန်လွတ်မြောက်ရေးတပ်တော် (MLF)လည်း ပူးပေါင်းပါဝင်လာကြောင်း RMAနှင့် MLFက ပူးတွဲကြေညာချက်ထုတ်ပြန်သည်။