Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန် နဲ့ မတူပီမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

​အောက်တိုဘာ-၁၄၊၂၀၂၅။လူအေး/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာကို ​အောက်တိုဘာ၁၄ ရက်မနက် ၇ နာရီ၁၅မိနစ်ခန့်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာလို့ TNLAက ထုတ်ပြန်ထားပါတယ်။ အသေးစိတ်အခြေအနေကို ထပ်မံအသိပေးမယ်လို့ ​ဖော်ပြထားပါတယ်။

အောက်တိုဘာလ၁၃ရက်နေ့ခင်းပိုင်းကလည်းနမ့်ဆန်မြို့နယ်ကယားကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားလို့ အရပ်သား၁ဦးဒဏ်ရခဲ့ပါတယ်။အောက်တိုဘာ ၄ ရက်နေ့လည်ကလည်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနှစ် ဦးသေဆုံးပြီး ကလေးခြောက်ဦးအပါအဝင်ကိုး ဦးဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့မှာ ကျောက်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်း TNLA ထိန်းချုပ် ​ဒေသ​တွေကိုစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။အောက်တိုဘာလ၁ရက်ကနေအောက်တိုဘာလ ၁၄ ရက်အတွင်းမိုးကုတ်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ နန့်ဆန်၊ မိုးမိတ်၊ မိုင်းလုံ၊သီပေါမြို့တွေကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေလို့ စစ်ရေးသတိရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာကြဖို့ ဒေသခံပြည်သူတွေကို TNLAက သတိပေးထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာလည်း ချင်းပြည်နယ်၊ မတူပီမြို့ကို လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။မတူပီမြို့ပေါ်ကိုဗုံးကြဲတာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။