Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့ကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

မတူပီမြို့ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Matu Laa

အောက်တိုဘာ-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာစစ်ကောင်စီကမတူပီမြို့နယ်စပ်ဒေသနဲ့ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မတူပီမြို့ရဲ့နတလကျောင်းကိုဗုံးကြဲသွားတာဖြစ်ပါတယ်။သေဆုံးထိခိုက်မှုကတော့ ဒေသခံ တဦးရဲ့ ပြောကြားချက်အရ ပြောမယ်ဆိုရှိမယ်လို့ ပြောတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ချင်းဒေသကကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ အာရက္ခတပ်တော် (AA)တို့ ထိန်းချုပ်ထားတဲ့ မတူပီမှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိလို့ ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေတွေသိရှိနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၀ရက်ညကလည်း မတူပီမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ရှိရာ နေရာသို့ ထိမှန်ခဲ့ပြီးသေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး AA ဘက်က တစုံတရာ ထုတ်ပြန်တာမရှိသလို အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလအတွင်းမှာ ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဟားခါးစတဲ့ဒေသတွေကိုလေကြောင်းစစ်ဆင်ရေးတွေ ဆက်တိုက် ပြုလုပ်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကလေးငယ်တွေရှိရာစာသင်ကျောင်းနေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ သေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။