Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် အတိုက်အခံ ပါတီခေါင်းဆောင်သစ်ဆီ တရုတ် သမ္မတ ဂုဏ်ပြု သဝဏ်လွှာပို့

ထိုင်ဝမ် အတိုက်အခံ ပါတီရဲ့ ခေါင်းဆောင်သစ်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ပေးပို့ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ထိုင်ဝမ် အတိုက်အခံ ပါတီရဲ့ ခေါင်းဆောင်သစ်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ပေးပို့ခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က ကူမင်တန် (KMT)ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက် ခံရသူ ချန်လီဝန်ကို ရှီက သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ပြန်လည် သင့်မြတ် ပူးပေါင်းရေးအတွက် အားထုတ်ကြိုးပမ်းနိုင်ပါစေလို့ ထည့်သွင်း ဆန္ဒပြုခဲ့ပါတယ်။

တရုတ်က ကြားဝင် စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကြုံခဲ့ရတဲ့ ပါတီတွင်း ရွေးကောက်ပွဲမှာ ချန်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ် လွှတ်တော် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ချန်ဟာ နိုဝင်ဘာ ၁ ရက်နေ့ကစလို့ KMTရဲ့ အကြီးအကဲ အနေနဲ့ တာဝန်ယူသွားမှာပါ။

တရုတ် အစိုးရဟာ ထိုင်ဝမ်ရဲ့ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)အပေါ် ခါးသီးတဲ့ သဘောထားမျိုး ရှိနေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး DPPကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။ တရုတ်က DPP ကိုယ်စားပြု ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကို ခွဲထွက်ရေး ဝါဒီတစ်ဦးအဖြစ် အတိအလင်း စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

KMTကတော့ တရုတ်နဲ့ ပိုမို နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်လိုတဲ့ သဘောထား ဝါဒမျိုးကို ဆွဲကိုင်ထားပါတယ်။ တရုတ်ကလည်း KMTကသာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ရင် တရုတ်အတွက် လက်တွေ့ကျတဲ့ စေ့စပ်ညှိနှိုင်းမှု မိတ်ဖက်အဖြစ် ယူဆထားပါတယ်။

ချန်အတွက် ရှီက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ KMTနဲ့ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ကြားမှာ ပိုမို ခိုင်မာ နီးကပ်တဲ့ ဆက်ဆံရေးမျိုးတွေ တည်ဆောက်နိုင်ဖို့ တိုက်တွန်းထားခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပါတီနှစ်ခုကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးရှိမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ မြှင့်တင်သင့်သလို အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက်လည်း ရှေ့တိုး လုပ်ဆောင်စေလိုတယ်လို့ ရှီက ဆိုပါတယ်။ ဒီအသုံးအနှုန်းကတော့ ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်နက်ထဲ ပူးပေါင်းစေလိုတဲ့ သဘောထားကို ညွှန်ပြခြင်း ဖြစ်ပါတယ်။

ချန်ရဲ့ ပြန်ကြားချက်မှာတော့ ရှီက အလေးပေးထားတဲ့ အဲဒီကိစ္စကို သတိကြီးကြီး ရှောင်လွှဲပြီး သဘောထား မှတ်ချက် ပေးမထားခဲ့ပါဘူး။ အဲဒီအစား ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပါတီနှစ်ခုကြားက ရှိရင်းစွဲ အခြေခံကောင်းတွေအပေါ် မူတည်ပြီး မြှင့်တင်ဖို့ လိုလားကြောင်း ပါရှိခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ချန်ဟာ ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင့်နေတာမျိုးကို အတိအလင်း ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။

ကိုးကား – SCMP

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။