Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်အထက်တန်းကျောင်းမှာဓားထိုးမှုဖြစ်ပြီးကျောင်းသူ ကျောင်းသား သုံးဦးဒဏ်ရာရ

မန္တလေးတိုင်း ၊ အမရပူမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းဝင်းထဲမှာ မနေ့ (အောက်တိုဘာ ၂၂ ရက် )မွန်းလွဲပိုင်းကဓားထိုးမှုဖြစ်လို့ ကျောင်းသူ၊ကျောင်းသား သုံးဦး ဒဏ်ရာရကာ တစ်ဦး စိုးရိမ်ရတယ်လို့မြို့ခံအချို့ဆီက သိရပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ အမရပူမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းဝင်းထဲမှာ မနေ့ (အောက်တိုဘာ ၂၂ ရက် )မွန်းလွဲပိုင်းကဓားထိုးမှုဖြစ်လို့ ကျောင်းသူ၊ကျောင်းသား သုံးဦး ဒဏ်ရာရကာ တစ်ဦး စိုးရိမ်ရတယ်လို့မြို့ခံအချို့ဆီက သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်က မြစ်ငယ် အထက်တန်းကျောင်း ထမင်းစားဆင်းချိန်မှာ ဖြစ်ပွားတာပါ။

ဆယ်ကျော်သက်လူငယ်တစ်ဦးက ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းဝင်းထဲ ဝင်လာပြီး Grade-11(ဝိဇ္ဇာတွဲ) B -အခန်းက ကျောင်းသူရဲ့ လည်ပင်းကိုဓားနဲ့ ထိုးခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်မှာ ဘေးကနေ ဝင်ဆွဲတဲ့သူငယ်ချင်းဖြစ်သူ ကျောင်းသူ နဲ့ ကျောင်းသား တို့လည်း လည်ပင်းနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေရခဲ့ပါတယ်။

ဓားနဲ့ ဝင်ထိုးတဲ့ ဆယ်ကျော်သက်လူငယ်အမျိုးသားဟာ အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း ဓားနဲ့ ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်လို့ မြို့ခံအချို့က ပြောပြပါတယ်။

ဓားနဲ့ထိုးသူအပါအဝင် ဒဏ်ရာရသွားတဲ့ ကျောင်းသူ ၊ကျောင်းသား သုံးဦးကို မန္တလေးဆေးရုံကြီးမှာ ကုသပေးနေတယ်လို့သိရပါတယ်။

အဲဒီသုံးဦးအနက် လည်ပင်းကိုဓား နဲ့ထိုးခံရတဲ့ ကျောင်းသူကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ကျောင်းဝင်းထဲဝင်ရောက်ပြီးဓားနဲ့ထိုးတဲ့ အကြောင်း အရင်းကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မူလတန်းကျောင်းသား ၁ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ