Connect with us

Hi, what are you looking for?

သတင်း

မူဆယ်ကမီးရှူးမီးပန်းစက်ရုံ မီးလောင်၊ မီးသတ်ကားမ​လောက်လို့ တရုတ်ဘက်မှမီးသတ်ကား​တွေလာငြှိမ်း​ပေးရတယ်လို့​ဒေသခံ​ပြော

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအမည်ခံထားတဲ့ တရုတ်နိုင်ငံသားပိုင် မီးရှူးမီးပန်းစက်ရုံ တစ်ရုံမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

​အောက်တိုဘာ-၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအမည်ခံထားတဲ့ တရုတ်နိုင်ငံသားပိုင် မီးရှူးမီးပန်းစက်ရုံ တစ်ရုံမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မူဆယ်မြို့ ၊စွမ်စော်ရပ်ကွက်က မီးရှူးမီးပန်းစက်ရုံဟာအောက်တိုဘာ၂၅ရက်နေ့ညနေပိုင်းမှာ ကြီးမားတဲ့ မီးလောင်​ပေါက်ကွဲမှု​တွေဖြစ်ခဲ့တာပါ။ စက်ရုံထဲမှာ ယမ်းတွေ၊ မီးရှူးမီးပန်းတွေချည်းပဲမို့ မီးမထိန်းနိုင်ခဲ့ဘူးလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“စက်ရုံကို ပိုင်တာကတရုတ်တွေပိုင်တာ။ ပြည်သူ့စစ်ကအမည်ခံပေါ့။ ဒီကိစ္စ ရဲက အမှုဖွင့်ထားပေမယ့် ပြည်သူ့စစ်ကိုကျော်ပြီးမလုပ်ရဲဘူး”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ ​အောက်တိုဘာ ၂၅ ရက်ညနေ၅နာရီခန့်မှာ စလောင်ပြီး ၆နာရီကျော်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် မီးရှူးမီးပန်းစက်ရုံဆိုတာကို ချပ်လှပ်ထားပါတယ်။

“တရုတ်နဲ့ပြည်သူ့စစ်ကပိုင်တာဆိုတော့ မီးသတ်တပ်ဖွဲ့လည်းကြောက်ရတယ်”လို့ မူဆယ်မြို့ခံကပြောပါတယ်။

အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီးနဲ့အတူ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကဆိုထားပါတယ်။

ဒါ​ပေမယ့် မြန်မာဘက်က မီးသတ်ကားတွေနဲ့မလောက်လို့ နယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး တရုတ်မီးသတ်ကားတွေလာရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကို​တော့ မီးသတ်တပ်ဖွဲ့က မ​ဖော်ပြပါဘူး။

မူဆယ်ကမီးရှူးမီးပန်းစက်ရုံ မီးလောင် ■မီးသတ်ကားမ​လောက်လို့…

Posted by People's Spring on Saturday 25 October 2025

မီးရှူးမီးပန်းစက်ရုံ မီး​လောင်​နေစဥ်။ ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။