Connect with us

Hi, what are you looking for?

News

ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန်

ထို့အပြင် နိုဝင်ဘာ ၂၅ရက်ကလည်း ကံချောင်းကျေးရွာနားတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်သား ၅၉ဦးသည် ကျောက်ထုလေယာဥ်ကွင်းဘက်သို့ ဆုတ်ခွာသွားစဥ် ကျောက်ပုံအနီး၌ YDF (Saw&Kyaukhtu) မှ စလစ်အိုးအကြီးတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်သေဆုံးပြီ PDFတပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း Yaw Defense Forceက ယနေ့ (နိုဝင်ဘာ ၂၇ ရက်)ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၉ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ တောမနှင့် ကျင်းလိန်ကျေးရွာအနီးနားတွင် နံနက် ၈နာရီခွဲခန့်မှစ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီဘက်မှ ၄၀ဦးခန့် သေဆုံးပြီး PDF (Saw) ဘက်မှ ရဲ​ဘော်တစ်ဦး အသက်ပေးသွားခဲ့သည်။

ထိုနေ့တွင် အကြမ်းဖက် စစ်​ကောင်စီဘက်မှ လေယာဥ် နှစ်စင်း ပစ်ကူသုံးကာ ခုခံတိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။ YDF(Saw&Kyaukhtu) ဘက်မှလည်း တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၃ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Kanpetlet) အဖွဲ့များနှင့် အကြမ်းဖက်စစ်​ကောင်စီတပ်တို့ အောက်လက်မွန်နှင့် အထက်လက်မွန်ကျေးရွာကြားတွင် နေ့လယ် ၁ နာရီ ခွဲခန့်မှ စ၍ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးခဲ့ပြီး YDF (Saw&Kyaukhtu) ဘက်မှ နှစ်ဦး ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုဝင်ဘာ ၂၅ရက်ကလည်း ကံချောင်းကျေးရွာနားတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်သား ၅၉ဦးသည် ကျောက်ထုလေယာဥ်ကွင်းဘက်သို့ ဆုတ်ခွာသွားစဥ် ကျောက်ပုံအနီး၌ YDF (Saw&Kyaukhtu) မှ စလစ်အိုးအကြီးတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ကြီးကျည်ဖူး သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook