Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ကတိုက်​လေယာဥ်သုံးစီးနဲ့ ဗုံးကြဲ ပြည်သူ ၁၀ဦး​ကျော်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ သြဂုတ် ၁၈ ရက်မှာ ဗုံးကြဲစဥ်။ဓါတ်ပုံ-CJ

နိုဝင်ဘာ၁၀၊၂၀၂၅၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

ဘုတ်ရွာ၊ ကျွန်းတောလေးရွာ၊ ဆပ်ပြာကျင်းရွာ​တွေကိုနိုဝင်ဘာလ၁၀ ရက်နေ့၊ညနေ ၃နာရီ ၂၀မိနစ်ကစတင်ပြီး တံတားဦး လေတပ်ကတက်လာတဲ့ စစ်တပ်ရဲ့ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

အဲဒီ နောက် မိတ္ထီလာ လေတပ်ကတိုက်​လေယာဥ် တစ်စီး၊တံတားဦး လေတပ်ကတပ်လာတဲ့တိုက်​လေယာဥ်တစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​ကြောင့် အနည်းဆုံးပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး စုံစမ်းသိရပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာ မြို့နယ်ပကဖက ထုတ်ပြန်သွားမယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တာဝန်ရှိသူတဦး ကပြောပါတယ်။ဒဏ်ရာရသူ​တွေထဲမှာ အမျိုးသမီးကြီး တစ်ဦး ဗိုက်ပွင့်ဒဏ်ရာရပြီးပြင်းထန်တယ်လို့ သိရပါတယ်။

“လေယာဉ်က ဆက်တိုက်လာကြဲတာ‌ဗျ။တိုက်ပွဲမရှိ၊စစ်ကြောင်း တွေလည်းမရှိပါဘူး။အသေးစိတ်ကတော့ ပကဖက ထုတ်ပြန်ပါလိမ့်မယ်။အခုတော့ ဒဏ်ရာရတွေ ဆေးကုဖို့လုပ် နေကြပါတယ်”လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၁၈ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သံဃာတော် ၂ ပါးအပါအဝင် ၁၂ဦး သေဆုံးခဲ့ပါ သေးတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်