Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ စျေးတန်းထဲ လိုက်ထရပ်ကား ဝင်တိုက်လို့ ၂ ဦးသေ

တောင်ကိုရီးယားနိုင်ငံမှာ စျေးတန်းထဲ လိုက်ထရပ် ကားတစ်စီး ဝင်တိုက်မိရာက လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ - AP

တောင်ကိုရီးယားနိုင်ငံမှာ စျေးတန်းထဲ လိုက်ထရပ် ကားတစ်စီး ဝင်တိုက်မိရာက လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

နက်ပြာရောင် လိုက်ထရပ်ကားဟာ လူသွားလမ်းတလျှောက် စျေးဆိုင်တွေ တန်းစီထားတဲ့ နေရာမှာ မီတာ ၁၅၀ လောက်ထိ မောင်းနှင်နေပြီးမှ ရပ်တန့်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အနောက်ဖက် ကီလိုမီတာ ၂၀ လောက်အကွာ ဘူချွန်က စျေးတစ်ခုထဲက ဖြစ်စဉ်ကြောင့် လူ ၂ ဦးသေပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ဆိုပါတယ်။

သေဆုံးသူ နှစ်ယောက်ဟာ ထိတ်လန့်ပြီး အမောဖောက်ရာက အသက်ပါသွားခဲ့တာလို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လိုက်ထရပ်ဟာ မီတာ ၃၀ လောက် နောက်ပြန်ဆုတ်လာပြီး ရုတ်တရက် လေဟာပြင် စျေးတန်းထဲ အရှိန်နဲ့ မောင်းဝင်သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ယာဉ်မောင်းကတော့ ကားက ပြဿနာတစ်ခုခု ရှိနေဟန်နဲ့ ရုတ်တရက် အရှိန်နဲ့ မောင်းထွက်သွားခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ ယာဉ်မောင်းက အရက်သောက်မထားဘူးလို့လည်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက ဘာအမှားအယွင်း ဖြစ်ခဲ့တာလဲ ဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် ကားကို စုံစမ်းရေး အရာရှိတွေဆီ လွှဲပေးခဲ့ပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ လိုက်ထရပ်ကားဟာ စျေးတန်းထဲ တောက်လျှောက် အရှိန်နဲ့ မောင်းဝင်လာပြီးတဲ့နောက် စတိုးဆိုင်တစ်ခုကို ဝင်တိုက်ပြီးမှ ရပ်တန့်သွားတာ တွေ့ရပါတယ်။

ရဲတွေက အသက် ၆၀ ကျော်အရွယ် ယာဉ်မောင်းကို ဖမ်းဆီးထားပြီး စုံစမ်းမေးမြန်းနေကြောင်းလည်း သိရှိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။