Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်မှုထမ်း မဟုတ်ဘဲ ရေတပ်ယူနီဖောင်းဝတ်ပြီး အခမ်းအနား တက်ခဲ့တဲ့ အမျိုးသားကို ဝေးလ်စ်ရဲတပ်ဖွဲ့ ဖမ်းဆီး

ရေတပ် ထိပ်တန်း အရာရှိဟန်ဆောင်ပြီး ခပ်တည်တည် အခမ်းအနား တက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ဗြိတိန်မှာ စစ်ဘက်အရာရှိ အယောင်ဆောင်မှုနဲ့ တရားစွဲဆိုထားလိုက်ပါတယ်။

ဓာတ်ပုံ - Llandudno Town Council

ရေတပ် ထိပ်တန်း အရာရှိဟန်ဆောင်ပြီး ခပ်တည်တည် အခမ်းအနား တက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ဗြိတိန်မှာ စစ်ဘက်အရာရှိ အယောင်ဆောင်မှုနဲ့ တရားစွဲဆိုထားလိုက်ပါတယ်။

အသက် ၆၄ နှစ်အရွယ် ဂျိုနသန် ကာလီဟာ ဝေးလ်စ်ပြည်နယ် မြောက်ပိုင်း ဒေသခံ တစ်ဦး ဖြစ်ပါတယ်။ သူဟာ နိုဝင်ဘာ ၉ လတုန်းက ဒေသတွင်းမှာရှိတဲ့ လာလန်ဒွတ်နိုမြို့မှာ ကျင်းပတဲ့ ပထမ ကမ္ဘာစစ် ကျဆုံးစစ်သည်များ အောက်မေ့မှု အခမ်းအနားကို ရေတပ် သေနာပတိ ပွဲတက်ယူနီဖောင်းဝတ်ပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ ကာလီဟာ ကိုယ်တိုင်းနဲ့ သိပ်မကိုက်တဲ့ နက်ပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ပြီး ရင်ဘတ်မှာလည်း ဂုဏ်ပြုဆုတွေကို ချိတ်ဆွဲထားခဲ့တာ တွေ့ရပါတယ်။ နောက်တော့ ဝေးလ်စ်ရဲတပ်ဖွဲ့က သူ့ကို အခွင့်မရှိဘဲ စစ်တပ်ယူနီဖောင်း ဝတ်ဆင်မှုနဲ့ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ကာလီကို ထိန်းသိမ်းခဲ့တယ်ဆိုတဲ့ ကိစ္စကို ဝေးလ်စ်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ သူ့ဆီကနေ ရေတပ် သေနာပတိ ဝတ်စုံ၊ ရွှေချည်ထိုး အရာရှိ ဦးထုပ်နဲ့ ရောင်စုံ ဂုဏ်ပြု ဆုတံဆိပ် ၁၂ ခုကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရေးကြီးတဲ့ အခမ်းအနား တစ်ခုမှာ တကယ့်အရာရှိ မဟုတ်တဲ့ လူတစ်ယောက်က စစ်ဘက် အရာရှိကြီး ပုံစံနဲ့ တက်ရောက်ခဲ့တယ် ဆိုတာက လူထုကို စိုးရိမ် စိတ်ပူစေမယ်ဆိုတာ ကောင်းကောင်း နားလည်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာလီကို ဒီဇင်ဘာ ၁၁ ရက်နေ့ကျရင် ပထမဆုံးအကြိမ် ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။ သူဘာကြောင့် အခုလို လုပ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ၁၈၉၄ ယူနီဖောင်း အက်ဥပဒေအရ စစ်မှုထမ်း မဟုတ်ခဲ့ဖူးရင် သီးခြားခွင့်ပြုချက် မရဘဲ ဘယ်သူမှ စစ်ယူနီဖောင်း ဝတ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ကျူးလွန်သူဟာ ဒဏ်ငွေ စတာလင်ပေါင် ၁၀၀၀ ထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။