Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တ​ပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တ​ပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တ​ပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ၁၇ ရက် မနက် ၈နာရီခန့်က နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကြက်သောက်တွင်းကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ကိုစိုးတင့်၊ အသက် ၃၇ နှစ်အရွယ် မမျိုးသီတာ၊ အသက် ၃၂ အရွယ် ကိုဌေးလှိုင်တို့ သေဆုံးခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒေသခံပြည်သူ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့အထဲက အသက် ၃၃ နှစ်အရွယ် ကိုမြင့်ကို၊ အသက် ၄၈ နှစ်အရွယ် ကိုတက်တိုးနဲ့ အသက် ၂၂ နှစ်အရွယ် မသီတာအေးတို့ရဲ့ ဒဏ်ရာတွေဟာ ပြင်းထန်တယ်လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

“သေဆုံးသူ ၃ ဦးပါ။သေဆုံးသူ မသီတာအေးနဲ့ ဒဏ်ရာရတဲ့ မမျိုးသီတာက ညီအမအရင်းတွေပါ”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

ဒါ့အပြင် နတ်မောက်မြို့နယ် အရှေ့ခြမ်းမှာလည်း စစ်ကောင်စီတပ်က ပါရာမိုတာ စက်တပ်​လေထီးတွေနဲ့ မကြာခဏ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်မောက်မြို့နယ်မှာ လေကြောင်းရန်အပြင် စစ်ကောင်စီတပ်က လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်နဲ့ စက်တင်ဘာလတွေက ပြည်သူ ၇ ဦးသေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မူလတန်းကျောင်းသား ၁ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။