Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်တပ်ကထိန်းချုပ်ဖွင့်ထားတဲ့ စာသင်ကျောင်းကို လေကြောင်းက ပြန်ဗုံးကြဲ

မူလတန်းကျောင်းသား ၁ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

(ကန်လေးကုန်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခြင်း မခံရမီက တွေ့ရစဥ်။ ဓာတ်ပုံံ − CJ)

ဇူလိုင် ၁၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ မူလတန်း ကျောင်းသား ၁ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇူလိုင် ၁၄ ရက် နေ့လယ် ၁ နာရီခန့်က နတ်မောက်မြို့နယ်၊ ကန်လေးကုန်းကျေးရွာက စစ်ကောင်စီဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ညောင်ဦးလေဆိပ်က Mi-35နဲ့ ရော့ကတ်၊ ပွိုင့်ဖိုက်တို့ ပစ်ခတ်ခဲ့တာပါ။ ကျောင်းသား ၁ဦး သေဆုံးပြီး ကျောင်းသား ၁ဦး ပေါင်ပြတ်ခဲ့ပါတယ်။ ဒါ့အပြင် တခြားထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိပါသေးတယ်။”လို့ နတ်မောက် သတင်းစုံ natmoukရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ မူလတန်း ကျောင်းသားငယ် မောင်ဖြိုးဝေဦးဖြစ်ပြီး အခြားကျောင်းသားတွေဖြစ်တဲ့ မောင်ကောင်းပြည့်ဇော်၊ မောင်အောင်ပြည့်ဇော်၊ မောင်သော်ဇင်ဖြိုး (ခ) အာကျယ်၊ မောင်ဇေရဲထက်၊ မောင်နေခန့်ပိုင်၊မောင်ဇင်လင်းကို၊ မောင်စိုင်းမင်းလတ်တို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။ PDF ရဲဘော်တွေလည်းမရှိ၊ တိုက်ပွဲ ဖြစ်ပွားခြင်းလည်းမရှိ၊ စစ်ကောင်စီရဲ့စာသင်ကျောင်းကိုပဲ လေကြောင်းတိုက်ခိုက်သွားလို့ အံ့သြနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်ကလည်း နတ်မောက်မြို့နယ်၊ သမန်းကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော