Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံထောင်မှာ အကျဉ်းသားတွေဆီကနေ ငွေညှစ်မှု ဆိုးရွားနေ

ဧရာဝတီတိုင်းရှိ ဖျာပုံအကျဉ်းထောင်ကိုရောက်ရှိလာတဲ့ အချုပ်ကျ ၊ အကျဉ်းကျ သူတွေထံက စောင့်ရှောက်ကြေး ဆိုပြီး ထောင်အာဏာပိုင်တွေက ငွေကြေးကောက်ခံတာတွေ ဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ – ၂၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ဧရာဝတီတိုင်းရှိ ဖျာပုံအကျဉ်းထောင်ကိုရောက်ရှိလာတဲ့ အချုပ်ကျ ၊ အကျဉ်းကျ သူတွေထံက စောင့်ရှောက်ကြေး ဆိုပြီး ထောင်အာဏာပိုင်တွေက ငွေကြေးကောက်ခံတာတွေ ဆိုးရွားလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဖျာပုံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အခြားသောအမှုတွေနဲ့ ထောင်ကိုရောက်လာသူတွေထံက ငွေကြေး တောင်းခံတာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ကစတင်ပြီး ဆိုးရွားလာတာလို့သိရပါတယ်။

“ အကြောင်းအမျိုးမျိုးပြတောင်းတာက အကျဉ်းထောင်စနစ်မှာ အရင်ကတည်းကရှိခဲ့တာပါ၊အခုကတော့ ဆိုးဆိုးဝါးဝါးဖြစ်လာတာပေါ့”မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“စောင့်ရှောက်ကြေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျဉ်းသာတန်းစီး(ထောင်အခေါ် အခန်းလူကြီးတွေ) ကတဆင့်ငွေညှစ်တာ ပါ။

ထောင်ကိုအသစ်ရောက်လာတဲ့ အချုပ်ကျ ၊အကျဉ်းကျ တစ်ဦးကို ကျပ်သုံးသိန်းကနေ ရှစ်သိန်းကျပ်အထိ တောင်းခံနေတာ လို့ PPNM က ဆိုပါတယ်။

ငွေကြေးမပေးတဲ့သူတွေဟာဆဲဆိုအော်ဟစ်သောင်းကျန်းခံရ တာ ၊ ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေကိုမကြာခဏကျုးလွန်ခံရပေမယ့် ထောင်ပိုင်က အရေးယူတာမရှိဘူးလို့ PPNM က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။