Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီမှာ လေပြင်း တိုက်ခတ်မှုတွေကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

တူရကီက မြို့ ၁၀ မြို့လောက်မှာ ကျောင်းတွေ ပိတ်ထားစေပြီး ဘော့စ်ဖော်ရပ်စ် ရေလက်ကြားတလျှောက် ရေကြောင်းခရီး သွားလာမှုတွေကိုပါ ယာယီပိတ်ဆို့ ထားလိုက်ကြောင်း သိရပါတယ်။

တူရကီနိုင်ငံက ဒေသတချို့မှာ ရုတ်တရက် လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပွားပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၃၀ က နိုင်ငံအနှံ့မှာ မိုးသက်လေပြင်း ကျရောက်မှုတွေ ဖြစ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ အစိုးရ မိုးလေဝသ ဌာနက ထုတ်ပြန်ပါတယ်။ ဒေသခံ မီဒီယာတွေက ရာသီဥတု ကပ်ဘေးကြောင့် ၆ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြကြပါတယ်။

သေဆုံးသူတွေထဲက ၄ ဦးဟာ တူရကီရဲ့ စီးပွားရေး အချက်အခြာ မြို့ကြီးလို့ ခေါ်ရမယ့် အစ္စတန်ဘူလ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။ အစ္စတန်ဘူလ်မှာ လေပြင်းတိုက်လို့ သစ်ပင်တွေ အမြစ်ကပါ ကျွတ်ထွက်ကုန်သလို အိမ်အမိုးတွေပါ လန်ကုန်ပါတယ်။ ဗလီမျှော်စင် အစိတ်အပိုင်းတွေ ပြိုကျကုန်ပြီး သမိုင်းဝင် နာရီစင်ကြီးမှာလည်း အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးလေဝသ ဌာနရဲ့ အဆိုအရ လေအကြမ်းဆုံး တိုက်ခတ်တဲ့ နေရာတွေမှာ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၃၀ ထိ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ တူရကီမှာ အနောက်တောင်ဖက်က တိုက်ခတ်ပြီး လိုဒို့စ်လို့ ခေါ်တဲ့ လေစီးကြောင်းတွေ ဖြစ်ပေါ်တတ်တာ မဆန်းပါဘူး။ ဒါပေမဲ့ အခုတစ်ကြိမ်လောက် ပြင်းထန်ပြီး ဖျက်စီးအား ကြီးမားတာမျိုးက မကြုံစဖူး အခြေအနေလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စတန်ဘူလ်မှာ လေပြင်းတွေ တိုက်ခတ်နေတော့ ခရီးသည်တင် လေယာဉ် အစီး ၃၀ လောက်ဟာ မဖြစ်မနေ လမ်းကြောင်းပြောင်းပြီး တခြားလေဆိပ်တွေမှာ ဆင်းသက်ခဲ့ရပါတယ်။ လေပြင်း တိုက်ချိန် တချို့နေရာတွေမှာ ထရပ်ကားတွေတောင် တရွတ်ဆွဲ ပါသွားတာကြောင့် လတ်တလော အစ္စတန်ဘူလ်မှာ ဆိုင်ကယ်တွေ မစီးကြသေးဖို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

တူရကီက မြို့ ၁၀ မြို့လောက်မှာ ကျောင်းတွေ ပိတ်ထားစေပြီး ဘော့စ်ဖော်ရပ်စ် ရေလက်ကြားတလျှောက် ရေကြောင်းခရီး သွားလာမှုတွေကိုပါ ယာယီပိတ်ဆို့ ထားလိုက်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။