Connect with us

Hi, what are you looking for?

News

ထီလင်းမြို့နယ် နိုဝင်ဘာ ၁၇ ရက်တိုက်ပွဲတွင် ကျဆုံးဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအတွက်ဂုဏ်ပြုကြောင်း YDFထုတ်ပြန်

ထန်းပင်ကုန်း​ကျေးရွာအနီးတိုက်ပွဲတွင် YDF(ထီးလင်း)မှရဲ​ဘော် ၁၃ ဦး ၊CDF(မင်းတပ်)မှ ၁ ဦးကျဆုံးခဲ့ပြီး ရဲ​ဘော် ၃ ဦးဒဏ်ရာရရှိခဲ့ကာ ၊အကြမ်းဖက်စစ်​ကောင်စီတပ်မှလည်း ၁၀ ဦးခန့်ကျဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့​ကြောင်းလည်းYDF က နိုဝင်ဘာ ၁၉ တွင်ထုတ်ပြန်ခဲ့သည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် နိုဝင်ဘာလ ၁၇ရက်ကတိုက်ပွဲတွင် ပြည်သူ့ရဲဘော် ၁၄ ဦး အသက်ပေးလှုသွားခဲ့ရပြီး ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံတည်​ဆောက်​ရေးကြိုးပမ်းရင်းအ​ရေး​တော်ပုံကာလတွင် တိုက်ပွဲဝင်ရင်းအသက်​ပေးသွားခဲ့ရ​​သောရဲ​ဘော်များကို အာဇာနည်သူရဲ​ကောင်းများအဖြစ် ​ဝမ်းနည်းဂုဏ်ယူစွာဖြင့် အ​​လေးပြုလိုက်​ကြောငမးယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့(YDF)ကယ​နေ့ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဝင်ဘာလ ၁၇ ရက်နေ့၌ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာအနီးတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် YDF ဖက်မှ ရဲဘော် ၁၃ ဦး နှင့် CDF – မင်းတပ် ဖက်မှ ရဲဘော် ၁ တို့ သည် ဒေသကာကွယ်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း မိမိတို့၏ အသက်များကို နိုင်ငံတော်အတွက် ပေးအပ်သွားခဲ့ကြောင်းယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)ကထုတ်ပြန်ခဲ့ခြင်းသည်။

ကျဆုံးသွားသည့် ရဲဘော်များ၏ ရုပ်အလောင်းများကို အကြမ်းဖက် စစ်တပ်မှ မီးရှို့သွားခဲ့သည့်အတွက် ရဲဘော်များ၏ ရုပ်အလောင်းများကို ရယူပြီး ကောင်းမွန်စွာ ဂုဏ်ပြုသင်္ဂြိုလ်နိုင်ခွင့် မရရှိခဲ့ကြောင်း၊ ထိုကျဆုံးရဲဘော်များအတွက် မိမိတို့ ယောဒသ ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် အထူးပင် ၀မ်းနည်းမိပြီး နောင်တချိန်တွင် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အတွက်လည်း ကျဆုံး ရဲဘော် တစ်ဦးခြင်း၏ အမည်နာမ များကို ယောဒေသကာကွယ်ရေး တပ်ဖွဲ့၏ ကျဆုံးသူရဲကောင်း စာရင်းတွင် သေချာစွာ မှတ်တမ်းတင်၍ သိမ်းဆည်းထားကြောင်းလည်း​ဖော်ပြထားသည်။

ထန်းပင်ကုန်း​ကျေးရွာအနီးတိုက်ပွဲတွင် YDF(ထီးလင်း)မှရဲ​ဘော် ၁၃ ဦး ၊CDF(မင်းတပ်)မှ ၁ ဦးကျဆုံးခဲ့ပြီး ရဲ​ဘော် ၃ ဦးဒဏ်ရာရရှိခဲ့ကာ ၊အကြမ်းဖက်စစ်​ကောင်စီတပ်မှလည်း ၁၀ ဦးခန့်ကျဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့​ကြောင်းလည်းYDF က နိုဝင်ဘာ ၁၉ တွင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး ကြိုးပမ်းသည့် ရေးတော်ပုံ ကာလအတွင်း တိုက်ပွဲ၀င်ရင်း အသက်ပေးသွားသော ပြည်သူ့ရဲဘော်များကို အာဇာနည် သူရဲကောင်းများအဖြစ် မိမိတို့ YDF မှ အသိအမှတ်ပြု၍ ‌ဝမ်းနည်း ဂုဏ်ယူစွာဖြင့် အလေးပြုလိုက်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က ထုတ်ပြန်ကြေညာခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။