Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာ မေးခွန်းခက်လို့ တောင်ကိုရီးယားမှာ စာမေးပွဲ အရာရှိချုပ် နုတ်ထွက်ရ

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်စာမေးခွန်း အလွန်အကျွံ ခက်ခဲလို့ ကျောင်းသားတွေ အမှတ်မကောင်းကြတဲ့အတွက် တောင်ကိုရီးယား စာမေးပွဲကို ကြီးကြပ်ရတဲ့ ဌာန အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်စာမေးခွန်း အလွန်အကျွံ ခက်ခဲလို့ ကျောင်းသားတွေ အမှတ်မကောင်းကြတဲ့အတွက် တောင်ကိုရီးယား စာမေးပွဲကို ကြီးကြပ်ရတဲ့ ဌာန အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

တောင်ကိုရီးယားမှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်ကောင်းပြီး အဆင့်မြင့် တက္ကသိုလ်တွေ တက်ခွင့်ရဖို့ ဆိုတာဟာ ဘဝတစ်ဆစ်ချိုး လမ်းဆုံလမ်းခွလို့တောင် ဆိုနိုင်ပြီး အထူးအလေးထားကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာ ကျောင်းသူကျောင်းသား အများစုက အင်္ဂလိပ်စာ မေးခွန်းတွေဟာ လွန်လွန်ကျွံကျွံ ရှုပ်ထွေးလွန်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ တောင်ကိုရီးယား တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ သမိုင်းတလျှောက် အင်္ဂလိပ်စာ ရမှတ်အမြင့်ဆုံး ကျောင်းသား အချိုးအစားဟာ စံချိန်တင် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ စုစုပေါင်း ဖြေဆိုသူ ကျောင်းသား အားလုံးထဲက ၃.၁၁ ရာခိုင်နှုန်းသာ ဂုဏ်ထူးထွက်ခဲ့ပါတယ်။

အင်္ဂလိပ်စာ မေးခွန်းထဲမှာတော့ ဂိမ်းတစ်ခုကို အခြေခံပြီး သဘောတရားရေးရာ မေးခွန်းတစ်ခုကို အဖြေမှန် ရွေးပေးရတာမျိုးတွေ ပါခဲ့ပြီး ကျောင်းသား တော်တော်များများ မဖြေနိုင်ခဲ့ကြပါဘူး။ အဓိက ပြဿနာက အဲဒီမေးခွန်းတွေကို ရေးသားထားတဲ့ အင်္ဂလိပ်စာက ရှုပ်ထွေးလွန်းပြီး လိုရင်းကို မပေါ်လွင်စေတာ ဖြစ်တယ်လို့ ကျောင်းသား အများအပြားက ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ စာမေးပွဲ အမှတ်တွေ ထွက်ပေါ်လာပြီး အင်္ဂလိပ်စာ ဂုဏ်ထူးထွက်တဲ့ကျောင်းသား နည်းသွားတဲ့အတွက် ကိုရီးယား သင်ရိုးနဲ့ ပညာရေး ဆန်းစစ်မှုဌာန (KICE)ရဲ့ ညွှန်ကြားရေးမှူး အိုဆွန်ဂိုလ်က ရာထူးကနေ နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ KICEရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အင်္ဂလိပ်စာ မေးခွန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာတွေအတွက် အိုက အပြည့်အဝ တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

KICEက ဒီပြဿနာနဲ့ ပတ်သက်လို့ အလေးအနက် ပြန်လည် ဆန်းစစ်ပြီး အနာဂတ် စာမေးပွဲတွေမှာ ပိုပြီး သင့်တော်တဲ့၊ တည်ငြိမ်တဲ့ မူဝါဒမျိုးနဲ့ မေးခွန်းထုတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပညာရေး ဝန်ကြီးဌာနကလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဘယ်လို အခြေခံ သတ်မှတ်ချက်တွေ၊ သဘောတရားတွေနဲ့ မေးခွန်းထုတ်သလဲ ဆိုတာကို အခုလထဲမှာ ပြန်လည် ဆန်းစစ်ပြီး တွေ့ရှိချက်တွေနဲ့အညီ သင့်တော်သလို စီမံကိုင်တွယ်သွားမယ်လို့ ကတိပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။