Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ အရပ်သား​​တွေအ​ပေါ် ပစ်ခတ်တိုက်ခိုက်ညှင်းပမ်းမှု​တွေ တိုးလုပ်လာ​နေ

စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်ထဲက ကျေးရွာတွေနဲ့ ကွင်းပြင်တွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပစ္စည်းဥစ္စာတွေကို ပျက်စီးသွားခဲ့ပြီး စစ်ဘက်ဆိုင်ရာမှပစ်မှတ်တွေကိုတော့ ထိမှန်ခြင်းမရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ တိုးမြှင့်လာတဲ့ ပြောက်ကျားတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇွန်လပိုင်းကစပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ပစ်ပြီး ထိန်းချုပ်မှုကို ပျက်ပြားစေတဲ့အနေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ KNLA တပ်မဟာ ၅ ကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ လက်နက်ကြီးပစ်ခတ်မှုကို တိုးမြင့်လုပ်ဆောင်လျက်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိတာပါ။

KPSN က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ဇွန်လ ၄ ရက်ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုဟာ အကြိမ်ပေါင်း ၇၇၀ ရှိခဲ့ပြီး နေ့စဉ်လိုလိုပစ်ခတ်မှုတွေ လုပ်ဆောင်နေကာ စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုက အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်ထဲက ကျေးရွာတွေနဲ့ ကွင်းပြင်တွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပစ္စည်းဥစ္စာတွေကို ပျက်စီးသွားခဲ့ပြီး စစ်ဘက်ဆိုင်ရာမှပစ်မှတ်တွေကိုတော့ ထိမှန်ခြင်းမရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပစ္စည်းဥစ္စာတွေကို လုယက်ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ အထမ်းသမား ပေါ်တာနဲ့ လူသားဒိုင်းကာအဖြစ်အသုံးပြုတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ပြုလုပ်လျက်ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

လတ်တလော ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများလာသလို ဒေသခံပြည်သူတွေကလည်း တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။