Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ထဲ တစ်လအတွင်း တိုက်ပွဲတစ်ရာ​ကျော်ဖြစ်ခဲ့ပြီး စစ်​ကောင်စီ တပ်သား တစ်ရာ​ကျော်​သေဆုံး

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း (၁၅၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံးခဲ့ကာ အယောက် (၉၀) နီးပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ ရိက္ခာသယ် မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်ကတော့ ၃ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေရဲ့ ကျေးရွာနဲ့ လယ်ယာကိုင်းထဲကို လက်နက်ကြီးအလုံးပေါင်း ၅၀ ကျော် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။