Connect with us

Hi, what are you looking for?

News

NUG က​ငွေတိုက်စာချုပ်များကိုစတင်ပို့ ၊ လူမှုကွန်ယက်တွင်ပုံတင်ပါက QR code မပါ​အောင်အကြံပြု

“Bondတွေ(ငွေတိုက်စာချုပ်)ကို အဆင်ပြေရင် စက္ကူသားလေးနဲ့ထုတ်ပြီးပေးစေချင်တယ် အမှတ်တရသိမ်းထားလို့ရအောင်ပါ။”ဟုစင်ကာပူနိုင်ငံမှ ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူ တစ်ဦးကပြောသည်။

ရောင်းချပြီးဖြစ်​သောအထူးငွေတိုက်စာချုပ်များကို စတင်ပေးပို့နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ကြေညာသည်။

ငွေတိုက်စာချုပ်များကို ရောင်းချပြီး ၁၁ ရက်မြောက်နေ့တွင် NUGက ပြည်သူများဝယ်ယူထားသည့် ငွေတိုက်စာချုပ်များကို အီးမေးလ်မှ တဆင့်ပို့ပေး​နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၂၂ ရက်စတင်ပြီး ဒေါ်လာ ၁၀၀, ၅၀၀, ၁၀၀၀ နှင့် ၅၀၀၀တန်ငွေတိုက်စာချုပ်များကို ဒေါ်လာသန်း ၂၀၀ဖိုး စတင်ရောင်းချနေခြင်းဖြစ်သည်။ ပထမအသုတ်ဝယ်ယူထားသည့် ငွေတိုက်စာချုပ်များကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ပေးပို့နေခြင်းဖြစ်သည်။

“Bondတွေ(ငွေတိုက်စာချုပ်)ကို အဆင်ပြေရင် စက္ကူသားလေးနဲ့ထုတ်ပြီးပေးစေချင်တယ် အမှတ်တရသိမ်းထားလို့ရအောင်ပါ။”ဟုစင်ကာပူနိုင်ငံမှ ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူ တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင်ငွေတိုက်စာချုပ်များဓါတ်ပုံကို ​ လူမူကွန်ယက်ပေါ်တင်မည်ဆိုပါက QR ကုတ်များကို ဖုံးခြင်း သို့မဟုတ် ဖျက်ခြင်းပြုလုပ်ပြီးမှ တင်ရန်လည်း နည်းပညာကျွမ်းကျင်သူများကအကြံပြုသည်။ QR code ကို Scan လုပ်လိုက်ပါက ဝယ်ထားသူ၏ အမည် ၊ဝယ်ယူထား​သောပမာဏာ စ​သောကိုယ်​ရေးအချက်အလက်များကို ​တွေ့ရနိုင်သဖြင့် QR code များကို​ဖေစ်ဘွခ်တွင်မတင်ရန် နည်းပညာကျွမ်းကျင်သူများကအကြံပြုခြင်းဖြစ်သည်။

လက်ရှိတွင် ငွေပေးချေမူများအခက်အခဲဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ရောင်းချမူများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ တပတ်တာအရောင်းရပ်နားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။