Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG က​ငွေတိုက်စာချုပ်များကိုစတင်ပို့ ၊ လူမှုကွန်ယက်တွင်ပုံတင်ပါက QR code မပါ​အောင်အကြံပြု

“Bondတွေ(ငွေတိုက်စာချုပ်)ကို အဆင်ပြေရင် စက္ကူသားလေးနဲ့ထုတ်ပြီးပေးစေချင်တယ် အမှတ်တရသိမ်းထားလို့ရအောင်ပါ။”ဟုစင်ကာပူနိုင်ငံမှ ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူ တစ်ဦးကပြောသည်။

ရောင်းချပြီးဖြစ်​သောအထူးငွေတိုက်စာချုပ်များကို စတင်ပေးပို့နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ကြေညာသည်။

ငွေတိုက်စာချုပ်များကို ရောင်းချပြီး ၁၁ ရက်မြောက်နေ့တွင် NUGက ပြည်သူများဝယ်ယူထားသည့် ငွေတိုက်စာချုပ်များကို အီးမေးလ်မှ တဆင့်ပို့ပေး​နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၂၂ ရက်စတင်ပြီး ဒေါ်လာ ၁၀၀, ၅၀၀, ၁၀၀၀ နှင့် ၅၀၀၀တန်ငွေတိုက်စာချုပ်များကို ဒေါ်လာသန်း ၂၀၀ဖိုး စတင်ရောင်းချနေခြင်းဖြစ်သည်။ ပထမအသုတ်ဝယ်ယူထားသည့် ငွေတိုက်စာချုပ်များကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ပေးပို့နေခြင်းဖြစ်သည်။

“Bondတွေ(ငွေတိုက်စာချုပ်)ကို အဆင်ပြေရင် စက္ကူသားလေးနဲ့ထုတ်ပြီးပေးစေချင်တယ် အမှတ်တရသိမ်းထားလို့ရအောင်ပါ။”ဟုစင်ကာပူနိုင်ငံမှ ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူ တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင်ငွေတိုက်စာချုပ်များဓါတ်ပုံကို ​ လူမူကွန်ယက်ပေါ်တင်မည်ဆိုပါက QR ကုတ်များကို ဖုံးခြင်း သို့မဟုတ် ဖျက်ခြင်းပြုလုပ်ပြီးမှ တင်ရန်လည်း နည်းပညာကျွမ်းကျင်သူများကအကြံပြုသည်။ QR code ကို Scan လုပ်လိုက်ပါက ဝယ်ထားသူ၏ အမည် ၊ဝယ်ယူထား​သောပမာဏာ စ​သောကိုယ်​ရေးအချက်အလက်များကို ​တွေ့ရနိုင်သဖြင့် QR code များကို​ဖေစ်ဘွခ်တွင်မတင်ရန် နည်းပညာကျွမ်းကျင်သူများကအကြံပြုခြင်းဖြစ်သည်။

လက်ရှိတွင် ငွေပေးချေမူများအခက်အခဲဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ရောင်းချမူများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ တပတ်တာအရောင်းရပ်နားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။