Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာမှာ ပထမဆုံး ရေတပ်စခန်း ပိုင်ဆိုင်ဖို့ တရုတ် အသည်းအသန် ကြိုးစားနေ

အမေရိကန်ရဲ့ အာဖရိကဆိုင်ရာ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး စတီဖန် တောင်ဆန်ကလည်း အာဖရိကတိုက်ရဲ့ အတ္တလန္တိတ် ကမ်းခြေမှာ တရုတ် ရေတပ်စခန်းတစ်ခု ရှိလာမယ်ဆိုရင် အရမ်းထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဧပြီလလောက်တုန်းက ပြောကြားထားဖူးပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ပထမဆုံး အခြေစိုက် ရေတပ်စခန်းတစ်ခု ပိုင်ဆိုင်ဖို့ တရုတ်က အသည်းအသန် ကြိုးစားနေကြောင်း အမေရိကန် စစ်ဘက်က ပြောကြားလိုက်ပါတယ်။

အထူးထိပ်တန်း လျှို့ဝှက် ထောက်လှမ်းရေး အစီရင်ခံစာတွေထဲက အချက်အလက် တချို့ကို ကိုးကားပြီး တရုတ်ရေတပ်ရဲ့ အကြံအစည်ကို အမေရိကန် အရာရှိတွေက Wall Street ဂျာနယ်ဆီ ထုတ်ဖော် အသိပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ အာဖရိကတိုက်ရဲ့ အတ္တလန္တိတ် သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ ကမ်းရိုးတန်းမှာ ရေတပ် အခြေစိုက် စခန်းတစ်ခု ပိုင်ဆိုင်ဖို့ အစွမ်းကုန် အားထုတ်နေပြီး အမေရိကန်ကလည်း ဒီကိစ္စ အထမမြောက်အောင် သံတမန်ရေးရာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တားဆီးနေတယ်လို့ အမည်မဖော်ပြတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

တရုတ်က အဓိက မျက်စိကျနေတာဟာ ဂီနီယာနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဘတ္တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်ဟာ သမ္မတ ရှီကျင့်ဖျင် အကောင်အထည် ဖော်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာစီမံကိန်းကြီးရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဘတ္တာမှာ ရေနက်ဆိပ်ကမ်း တစ်ခု တည်ဆောက်ပေးဖို့ အဆိုပြုထားပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ အနေနဲ့ တရုတ်ရဲ့ ရေတပ်စခန်း တစ်ခုပါ ထားရှိခွင့်ပြုဖို့ စည်းရုံးနေကြောင်း ၂၀၁၉ လောက်ကစပြီး အမေရိကန် ထောက်လှမ်းရေးက သိရှိလာခဲ့ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်နဲ့ အိမ်ဖြူတော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အတ္တလန္တိတ် သမုဒ္ဒရာမှာ မဟာဗျူဟာမြောက် ရေတပ် ဖြန့်ကျက်မှုတွေ ပြုလုပ်ထားတဲ့ အမေရိကန် အတွက်တော့ တရုတ်ရဲ့ ခြေလှမ်းဟာ ဘယ်လိုမှ နှစ်မြို့စရာ မဖြစ်နိုင်တာ သေချာပါတယ်။ ဒီအတောအတွင်း အမေရိကန် အစိုးရကလည်း ဒီကိစ္စ အထမမြောက်စေဖို့အတွက် ဂီနီယာ သမ္မတ တီယိုဒိုရို အိုဘီယန် ဂူမာ ဘာဆိုဂိုနဲ့ သူ့သားဆီ သံတမန် စေလွှတ် ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ အာဖရိကဆိုင်ရာ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး စတီဖန် တောင်ဆန်ကလည်း အာဖရိကတိုက်ရဲ့ အတ္တလန္တိတ် ကမ်းခြေမှာ တရုတ် ရေတပ်စခန်းတစ်ခု ရှိလာမယ်ဆိုရင် အရမ်းထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဧပြီလလောက်တုန်းက ပြောကြားထားဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နဲ့ အမေရိကန် ရေတပ်တွေကြား ပဋိပက္ခတွေလည်း ပိုပြီး ထူထပ်လာပါတယ်။ တရုတ်က တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာကို ထိန်းချုပ်ဖို့ ကြိုးစားလာပေမယ့် အမေရိကန် စစ်သင်္ဘောတွေက နိုင်ငံတကာ ရေပိုင်နက်လို့သာ သတ်မှတ်ပြီး ကင်းလှည့် ခုတ်မောင်းနေတာကြောင့် နှစ်နိုင်ငံ အချင်းများမှုတွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။