ဖေဖော်ဝါရီ-၁၊၂၀၂၆။ သုည/People’s Spring
ပြည်သူတွေရဲ့ ဘဝနဲ့အသက်တွေ ရင်းနှီးထားခဲ့တဲ့ နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် ကမ်ပိန်းကို ပြည်သူ့သပိတ်အင်အားစုမှ ရဲဘော်တွေက ဒီကနေ့ (ဖေဖော်ဝါရီ ၁) မှာ လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် မဆုတ်မနှစ်သော ဇွဲလုံ့လနဲ့ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြည်သူ့သပိတ်အင်အားစုက အသိပေးခဲ့ပါတယ်။

ဒါ့အပြင် CRPH၊ NUCC၊ NUG နဲ့ EROs ခေါင်းဆောင်တွေအနေနဲ့လည်း ပြည်သူ့ဆန္ဒဖြစ်သော အရည်အသွေးပိုမိုထက်မြက်၍ စည်းလုံးညီညွတ်စွာနဲ့ တော်လှန်ရေးကိုနှောင့်နှေးကြန်ကြာမှု မရှိစေပဲ အတူတကွဆက်လက် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ဓာတ်ပုံ – ပေးပို့


















































