Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လျှို့ဝှက် နျူကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့ကြောင်း အမေရိကန် စွပ်စွဲမှုကို တရုတ် ငြင်းဆို

နျူကလီးယား လက်နက်တွေ လျှို့ဝှက် စမ်းသပ်ခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေ လျှို့ဝှက် စမ်းသပ်ခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ စစ်လက်နက် ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ညွှန်ကြားရေး အရာရှိ သောမတ်စ် ဒီနန်းနိုးက တရုတ်ဟာ ကမ္ဘာကြီးကို အသိမပေးဘဲ နျူကလီးလက်နက် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကို အမေရိကန်က ထောက်လှမ်း သိရှိထားကြောင်း ပြောဆိုသွားပါတယ်။

တရုတ်က လုပ်ဆောင်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုတွေထဲက တစ်ခုဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း ဒီနန်းနိုးက ဆိုပါတယ်။ ဒါတင် မကသေးဘဲ ပေါက်ကွဲအား ပိုမိုကြမ်းတမ်း ပြင်းထန်တဲ့ နျူကလီးယား စမ်းသပ်မှုတွေ အတွက်ပါ တရုတ်က ဆက်ပြီး ပြင်ဆင်နေဆဲလို့ သူက စွပ်စွဲခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနန်းနိုးရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိုက်ရိုက် တုံ့ပြန်ခဲ့ပါတယ်။ AFP သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ရာမှာ အမေရိကန်ရဲ့ စွပ်စွဲချက်တွေက အခြေအမြစ် မရှိသလို ပြောင်ပြောင်တင်းတင်း လိမ်လည်နေတာသာ ဖြစ်ကြောင်း၊ ပြီးတော့ အမေရိကန် ကိုယ်တိုင်က နျူကလီးယား လက်နက် စမ်းသပ်မှုတွေကို ပြန်စဖို့ အကြံအစည်နဲ့ တရုတ်ကို အကြောင်းပြချက်ပေး အပြစ်ရှာနေတဲ့အပေါ် တရုတ်က ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။ နောက်ပြီး အမေရိကန် အနေနဲ့ စည်းလွတ်ဘောင်လွတ် လုပ်နေတာတွေကို အမြန်ဆုံး ရပ်သင့်ပြီလို့လည်း တရုတ်က တန်ပြန် ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက အမေရိကန်ဟာ ရုရှားနဲ့ တရုတ်တို့ လုပ်နေတဲ့အတိုင်း နျူကလီးယား စမ်းသပ်မှုတွေ ပြန်စမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူပြောဆိုသွားတဲ့ထဲမှာ အဲဒီနှစ်နိုင်ငံက ဘယ်လို နျူကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့သလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ ရှင်းပြမထားခဲ့ပါဘူး။

တရုတ်ဟာ ကမ္ဘာပေါ်မှာ လောလောဆယ် နှစ်အလိုက် နျူကလီးယားလက်နက် တိုးမြှင့်တည်ဆောက်မှုနှုန်း အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကြားက နျူကလီးယားလက်နက် ပမာဏ ကန့်သတ် ထိန်းချုပ်ရေး စာချုပ် သက်တမ်း ကုန်ဆုံးသွားတဲ့နောက် အမေရိကန် အစိုးရက တရုတ်ပါ ပါဝင်တဲ့ သုံးပွင့်ဆိုင် စာချုပ်တစ်ခု အသစ်ချုပ်ဆိုဖို့ အဆိုပြုထားပြီး တရုတ်ကတော့ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။