Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော် ခလရ(၅၈)အနီး တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နဲ့ မြစ်သာခြားတဲ့ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

(KIA တပ်ဖွဲ့ဝင်​တွေစစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-File

​ဖေ​ဖော်ဝါရီ-၁၂၊၂၀၂၆။‌ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နဲ့ မြစ်သာခြားတဲ့ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

“မနက် ၆နာရီက စချတာ။ တော်တော် ပြင်းထန်နေတာ။ ကာကင်းစခန်းတွေကို သိမ်းပြီးပြီဆိုတော့ ၅၈ကို စချပြီလို့ ကြားတာပဲ။ အခုကြားနေရတာက လက်နက်ကြီးသံတွေ” လို့ ‌ဝိုင်း မော်မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်

အမှတ်(၅၈) ​ခြေလျင်တပ်ရင်း(ခလရ-၅၈)ရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ဝိုင်းမော်-လိုက်ဇာလမ်းက စခန်းတွေနဲ့ ဝိုင်းမော် -ကန်ပိုက်တီလမ်းက စခန်းတွေကို KIA၊KPDF က ဇန်နဝါရီလနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းမှာ သိမ်းယူထားပါတယ်။

Public Service Announcement

Public Service Announcement

ခလရ(၅၈)ဟာ ကန်ပိုက်တီနယ်စပ်ကို သွားတဲ့လမ်းမှာရှိပြီး ဝိုင်းမော်မြို့ပေါ်နဲ့ ၄မိုင်ခန့်သာ ဝေးပါတယ်။

ဒီနေ့မနက်တိုက်ပွဲ​တွေက ခလရ(၅၈)အနီးအပြင် ဗလမင်းထင် တံတားနားက စစ်တပ်အခိုင်အမာတပ်စွဲထားတဲ့ မှန်ပြတောင်မှာလည်း တိုက်ပွဲ​တွေဖြစ်နေတယ်လို့ဒေသခံ‌တွေက ပြောပါတယ်။

မှန်ပြတောင်ဘက်က ပေါက်ကွဲသံတွေကို မနက် ၆နာရီခန့်က စကြားရပြီး စစ်ကောင်စီက Mi 35နဲ့ ပတ်ပြီး ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“မှန်ပြတောင်ကို ဝင်တိုက်တာ။ စစ်ကောင်စီက လေယာဉ်ဝဲပြီး ဗုံးကြဲတယ်။ မှန်ပြတောင်က စစ်တပ်ရဲ့ အမာခံနေရာပဲ။ ရေဒါစခန်းပါ ရှ်ိတယ်” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

မှန်ပြတောင်ဟာ မြစ်ကြီးနားမြို့ထဲကို ဝိုင်းမော်ဘက်ကနေ တော်လှန်ရေးတပ်တွေ မဝင်နိုင်အောင် စစ်တပ်ကတပ်စွဲထားတဲ့နေရာပါ။ယခင်က အများ
ပြည်သူ လာရောက်လည်ပတ်ရာနေရာဖြစ်ပေမယ့် အခုတော့ စစ်တပ်ကုန်းဖြစ်နေတာပါ။ဖေဖော်ဝါရီ၁၀ရက်နေ့က မှန်ပြတောင်ကနေ လက်နက်ကြီးပစ်လို့ ခလရ(၅၈)အနီးက ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ဝိုင်းမော်မြို့မှာ ခလရ(၅၈) နဲ့ခမရ(၃၂၁)ရှိပြီးခမရ (၃၂၁)ကို KIAနဲ့ KPDF က ၂၀၂၄ ခုနှစ် မေလထဲမှာ သိမ်းယူခဲ့တာပါ။ ဒါကြောင့် ခလရ(၅၈)တစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။

KIA နဲ့ နီးစပ်သူတစ်ဦးက စစ်ရေးအခြေအနေကို အသေးစိတ်မပြောပေမယ့် ခလရ(၅၈)ထဲမှာ စစ်ကောင်စီတပ်တွေ သွေးပျက်နေပြီလို့ဆိုပါတယ်။
ခလရ(၅၈)ရဲ့ ကာကင်းစခန်းတွေကို သိမ်းယူတဲ့ တိုက်ပွဲမှာလည်း ဖမ်းမိတဲ့စစ်သုံ့ပန်းတစ်ဦး ငိုယိုနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ကို ထားပြီး တခြားသူတွေက ထွက်ပြေးတာလို့ ဆိုပါတယ်။ငိုနေတဲ့ အဲ့ဒီသုံ့ပန်းကို KIAနဲ့ KPDFတပ်ဖွဲ့ဝင်တွေက သတ်မှာမဟုတ်ပဲ ​​မေးတာကိုသာအမှန်အတိုင်း​ဖြေဖို့​ပြောပြီး ပြန်ချော့နေရတာကို​တွေ့ရပါတယ်။

ဝိုင်းမော်မြို့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိတဲ့ မြစ်ကြီးနားမြို့နဲ့လည်း ၇မိုင်ခန့်သာ ဝေးပါတယ်။မပခအပြင် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီး မိုင်းနားကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီး ခလရ(၅၈)ဘက်ကို ပစ်ခတ်နေပါတယ်။

KIAဦး‌ဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ တနိုင်း၊ အင်းတော်ကြီးဒေသတွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း အရှိန်မြှင့်ထားပါတယ်။

)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ