Connect with us

Hi, what are you looking for?

သတင်း

တရားသူကြီး​တွေမူးယစ်​ဆေးသုံးလို့ဖမ်းဆီးခံရတဲ့သတင်းကြီးပြီးနောက် စစ်တပ်ကတရားရေးဝန်ထမ်း​တွေကို ​ကေတီဗီ၊ဘား၊ကလပ်​ မသွားဖို့ ခံဝန်လက်မှတ်ထိုးခိုင်း​နေ

ရန်ကုန်မြို့က KTVတစ်ခုမှာမူးယစ်ဆေးရောင်းဝယ်၊သုံးစွဲမှုတွေနဲ့ တရားသူကြီးတွေဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုကတရားသူကြီးတွေအပါအဝင် တရားရုံးဝန်ထမ်းအားလုံး KTV ၊Bar၊ကလပ်မသွားရဆိုပြီး လက်မှတ်ထိုးခိုင်းတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

ရန်ကုန်မြို့က KTVတစ်ခုမှာမူးယစ်ဆေးရောင်းဝယ်၊သုံးစွဲမှုတွေနဲ့ တရားသူကြီးတွေဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုကတရားသူကြီးတွေအပါအဝင် တရားရုံးဝန်ထမ်းအားလုံး KTV ၊Bar၊ကလပ်မသွားရဆိုပြီး လက်မှတ်ထိုးခိုင်းတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အောက်တိုဘာ-၃၀၊၂၀၂၆။နေ့သစ်/People’s Spring

ရန်ကုန်မြို့က KTVတစ်ခုမှာမူးယစ်ဆေးရောင်းဝယ်၊သုံးစွဲမှုတွေနဲ့ တရားသူကြီးတွေဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုကတရားသူကြီးတွေအပါအဝင် တရားရုံးဝန်ထမ်းအားလုံး KTV ၊Bar၊ကလပ်မသွားရဆိုပြီး လက်မှတ်ထိုးခိုင်းတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အောက်တိုဘာ၂၅ ရက်မှာ ရန်ကုန်မြို့ကတောင်ဥက္ကလာပမြို့နယ်၊(၈)ရပ်ကွက်၊ စက်မှု(၆)လမ်းပေါ်မှာရှိတဲ့ Vibe KTV & Entertainment မှာ ဖြူးမြို့နယ်တရားသူကြီး ဒေါ်အိမ့်မှူးခင်၊အုပ်ဖိုမြို့နယ်တွဲဘက် တရားသူကြီး ဒေါ်နွယ်နီမြင့်၊ စစ်တပ်ရဲ့စစ်ဆေး‌‌ဗိုလ်မှူး ထွန်းလင်းစိုးတို့အပါအဝင် ၂၀ ဦး​ကျော်ကို ကတ်တမင်း ၊​Happy Water ၊​၊အက်တစီ၊ဆေး​ခြောက်စတဲ့မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းမိခဲ့ပါတယ် ။ အဆိုပါဖမ်းဆီးတဲ့သတင်းကို သတင်းဌာန​တွေက အကျယ်တဝင့်​ဖော်ပြပြီးနောက် တနိုင်ငံလုံးက တရားရေးဝန်ထမ်းအားလုံးကို KTV၊Bar၊ကလပ် မသွားရ၊စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမယ်လို့ တရားရေးဌာနက ဝန်ထမ်းအားလုံးကို လက်မှတ်ထိုးခိုင်းတာလို့ စုံစမ်းသိရပါတယ်။

“တကယ်တော့လေ အဲဒီအမှုက တရားစွဲတဲ့အထိကို မရောက်ရ‌‌ဘူး။ဗိုလ်မှူးကထဖြဲလို့လား။တရားသူကြီးတွေကပဲ လူမုန်းများပြီး အတိုင်ခံရလားမသိဘူး။အချင်းအချင်း ဒီအထဲတင်ပြီးမယ့်ကိစ္စကို။ဒီလိုအဖမ်းခံနေရ၊ညှိပြီးသွားတာကို ဒီလောက်အထိပျံ့သွားရင် ဘာမှလုပ်မရ တော့ဘူး”လို့ မြို့နယ်တရားသူကြီးတစ်ဦးက သူအမြင်ကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၆ နှစ်လယ်ပိုင်းကလည်း မန္တလေးမြို့က တွဲဖက်တရားသူကြီးတစ်ဦးဟာ ရည်းစားဖြစ်သူ ပင်လောင်းက မြို့နယ်တရားသူကြီးတစ်ဦးနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်းသောင်းနဲ့ချီသယ်ယူခဲ့တာကို စစ်တပ် စစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီဖြစ်စဥ်က ရန်ကုန်က မူးယစ်​ဆေးသုံးသတင်းထက် ပိုဆိုးရွားခဲ့​ပေမယ့်စစ်အုပ်စုက သတင်းဖုံးခဲ့ကြတယ်လို့ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ် ။ အဲဖြစ်စဥ်ဖြစ်ပြီး​တော့ မန္တလေးတိုင်းတရားရုံးအဆင့်က​နေ မြို့နယ်တရားရုံး ဝန်ထမ်း တွေအထိစစ်​ကောင်စီက မူးယစ်​ဆေးဝါး​ရောင်းဝယ် သုံးစွဲတာမလုပ်​တော့ပါဘူးလို့ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပါ​သေးတယ်။

“မိတယ်လေ။ဝန်ထမ်းတွေမိတာ တွေများပြီး အကုန်လိုက်ကြပ်တာ။မန္တလေးက တရား ရေးဝန်ထမ်းတွေက လက်မှတ်ထိုးရတာကြာပြီ။ဒါပေမယ့် ခိုးသွားကြတာပါပဲ။မနိုင်ပါဘူး။အခုကတခုခုပွဲဆိုရင် တောင် KTVနဲ့Barမှာပဲလုပ်ကြတာကို “လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မန္တ​လေးမြို့မှာ ယခုလပိုင်းအတွင်း စစ်တပ်အရာရှိ​တွေကိုယ်တိုင် မူးယစ်​ဆေးဝါး​ရောင်းချသုံးစွဲ​နေတာ​တွေ​​ကြောင့် တပ်တွင်းမှာ​နောက်ဆက်တွဲပြသာနာတက်ပြီး စစ်တပ်က အ​ယောင်ပြဖမ်းဆီးစစ်​ဆေးတာ​တွေလုပ်ခဲ့​သေးတယ်လို့ စစ်​ကောင်စီဝန်ထမ်းအချို့က​ပြောပါတယ် ။

ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်တပ်က KTV​တွေ ၊ကလပ်​တွေမှာ အသွင်ယူဖမ်းဆီးတယ်ဟုဆိုပြီး ဖမ်းဆီးသူတွေကိုယ်တိုင် VIP ဝိုင်းယူကာ မူးယစ်ဆေးသုံးစွဲနေပြီး ပြန်ခါနီးမှ ထဖမ်းသွားတာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ