Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ ဥပဒေမူကြမ်းကိုအ​မေရီကန်အောက်လွှတ်တော် သဘောတူ

မြန်မာပြည်သူတွေကိုကာကွယ်ဖို့အတွက်အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ ဥပဒေ မူကြမ်းတစ်ခုကို အမေရိကန် အောက်လွှတ်တော်က ခြွင်းချက်မရှိ သဘောတူခဲ့ကြပါတယ်။

အ​မေရီကန် လွှတ်​တော် အ​ဆောက်အအုံနဲ့ အ​မေရီကန်ပြည်​ထောင်စု အလံ။ဓါတ်ပုံ-Getty

​ဖေ​ဖော်ဝါရီ-၁၂၊၂၀၂၆။People’s Spring

မြန်မာပြည်သူတွေကိုကာကွယ်ဖို့အတွက်အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ ဥပဒေ မူကြမ်းတစ်ခုကို အမေရိကန် အောက်
လွှတ်တော်က ခြွင်းချက်မရှိ သဘောတူခဲ့ကြပါတယ်။

အောက်လွှတ်တော် ဥပဒေမူကြမ်း ၃၁၉၀ ကို Brave Burma Actလို့ နာမည်ပေးထားပြီး မစ်ချီဂန်ပြည်နယ်အောက်လွှတ်တော်အမတ်ဘီလ်ဟွိုင်
ဇန်ဂါက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာတော့ အောက်လွှတ်တော်ကအဲဒီဥပဒေမူကြမ်းကိုမဲပေးဆုံးဖြတ်ပြီး အတည်
ပြု ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေမူကြမ်းရဲ့ ရည်ရွယ်ချက်ကတော့ အာဏာသိမ်း မြန်မာစစ်တပ် အနေနဲ့ ပြည်သူတွေကို တိုက်ခိုက်ဖို့ လိုအပ်တဲ့ ငွေကြေးတွေ ပြတ်တောက်သွားစေဖို့ ဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ရန်လို အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူ ၃.၆ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီကိန်းဂဏန်း ပမာဏမျိုးက အံ့ဩတုန်လှုပ်စရာ ဖြစ်နေကြောင်း ဟွိုင်ဇန်ဂါက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမူကြမ်းအရ အမေရိကန် သမ္မတဟာ စစ်တပ်ရဲ့ အဓိက ဝင်ငွေ အရင်းအမြစ် လမ်းကြောင်းဖြစ်တဲ့မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB)ကို ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မလား ဆိုတာကို နှစ်စဉ် ပြန်လည် သုံးသပ်ပြီး ဆုံးဖြတ်ရမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီ ဝယ်ယူတင်သွင်းမှုတွေကိုလည်း စောင့်ကြည့် ကြပ်မတ်စေမှာ ဖြစ်ပါတယ်။

တကယ်လို့ ဥပဒေကြမ်းက တရားဝင် ဥပဒေတစ်ခုအဖြစ်အသက်ဝင်သွားပြီဆိုရင်တော့မြန်မာစစ်တပ် လုပ်နေကိုင်နေတာတွေဟာ အမေရိကန်အ
တွက် လက်ခံနိုင်စရာ လုံးဝမရှိဘူးဆိုတဲ့ ရှင်းလင်းတိကျတဲ့ သတင်းစကားမျိုး ပေးပို့ပြီး ဖြစ်သွားစေမယ်လို့လည်း ဟွိုင်ဇန်ဂါက ဆိုပါတယ်။

အဲဒီဥပဒေဟာမြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့် အမေရိကန်မှာလာရောက်ခိုလှုံတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်းအကာအကွယ်ပေးနိုင်စေဖို့မျှော်လင့်ကြောင်းသူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီး လုံခြုံရေး အခြေအနေ တိုးတက်လာပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့်သတ်မှတ်ပေးထားတာ(TPS)ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ အဆုံးသတ်စေမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ချီကာဂိုမှာရှိတဲ့ ဖက်ဒရယ် တရားသူကြီး တစ်ဦးက အဲဒီကိစ္စကို ကြားဝင် တားဆီးခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက် အမှုရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့်ကိုအမေရိကန်ကဆက်လက်အကာအကွယ်ပေးထားပါတယ်။

ဟွိုင်ဇန်ဂါက မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံခွင့်နဲ့ အကာအကွယ် ပေးထားခြင်းကို ဖယ်ရှားဖို့ ကြံစည်ခဲ့တာဟာ တကယ့်ကို လမ်းလွဲလိုက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဝေဖန်သွားပါတယ်။

အမေရိကန်မှာ ခိုလှုံနေတဲ့ မြန်မာပြည်သူတွေအတွက် အကာအကွယ်တွေ ဆက်လက် လိုအပ်နေကြောင်း၊သူတို့ဟာပြန်သွားတဲ့အခါ ဖိနှိပ်မှုတွေ ကြုံရမှာတင်မကဘဲအသတ်တောင်ခံရနိုင်ကြောင်း သူက ဆိုပါတယ်။ စစ်တပ်ဟာ အမေရိကန်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို စာရင်းပြုစုပြီး ကြိုတင် စောင့်ကြည့်နေကြောင်းလည်း ဟွိုင်ဇန်ဂါက ပြောကြားသွားပါတယ်။

ကိုးကား-WoodTV

ဆက်စပ်သတင်းများ

ဆောင်းပါး

နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။