Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် နိုင်ငံခြားရေးရုံးရဲ့ ကြွက်နှိမ်နင်းရေး အရာရှိချုပ်ဟောင်း ကြောင်လေး သေဆုံး

ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးမှာ ကြွက်နှိမ်နင်းရေး အရာရှိချုပ်လို့ ချစ်စနိုး တင်စားခံခဲ့ရဖူးတဲ့ ကြောင်လေး ပယ်လ်မာစထရွမ် သေဆုံးသွားကြောင်း သိရပါတယ်။

ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးမှာ ကြွက်နှိမ်နင်းရေး အရာရှိချုပ်လို့ ချစ်စနိုး တင်စားခံခဲ့ရဖူးတဲ့ ကြောင်လေး ပယ်လ်မာစထရွမ် သေဆုံးသွားကြောင်း သိရပါတယ်။

ပယ်လ်မာစထရွန် နာမည်နဲ့ ဖွင့်လှစ်ထားပြီး ကြောင်ချစ်သူတွေကြားမှာ လူသိများခဲ့တဲ့ လူမှုကွန်ရက် X အကောင့်က ကြောင်လေးဟာ ဘာမြူဒါ နိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပယ်လ်မာစထရွန်ဟာ ဗြိတိန်မှာ လူသိအများဆုံး ကြောင်တစ်ကောင် ဖြစ်ခဲ့ပါတယ်။ သူ့ကို လေလွင့်ခွေးတွေ ထိန်းသိမ်းထားတဲ့ ဂေဟာတစ်ခုကနေ ခေါ်ယူမွေးစားပြီး နိုင်ငံခြားရေးရုံးရဲ့ ကြွက်ပြဿနာ ဖြေရှင်းဖို့ တာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ နိုင်ငံခြားရေးရုံးရဲ့ ကြွက်နှိမ်နင်းရေး အရာရှိချုပ်အဖြစ် ကျီစယ်ရည်ညွှန်းခြင်း ခံရသလို သံတမန် အသိုက်အဝန်း ကြားမှာလည်း လူသိများခဲ့ပါတယ်။ ကြွက်နှိမ်နင်းရေး တာဝန်တွေကို ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ်ထိ ထမ်းဆောင်ပြီးတဲ့နောက် ပယ်လ်မာစထရွမ်ကို အနားပေးခဲ့ပြီး လူအများ အာရုံမစိုက်တဲ့ တစ်နေရာမှာ အေးအေးချမ်းချမ်း ဆက်လက်နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း ရုံးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပယ်လ်မာစထရွမ်ဟာ ဗြိတိန် ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ ကြောင်ကလေး လယ်ရီနဲ့အပြိုင် နာမည်ကြီးပါတယ်။ ဒါ့အပြင် သူတို့နှစ်ကောင် မျက်နှာချင်းဆိုင်ဆုံရင် ရန်ဖြစ်လေ့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ပယ်လ်မာစထရွန်ဟာ အနားယူနေရာကနေ ပြန်လာပြီး ဘာမြူဒါ အုပ်ချုပ်ရေးမှူးရဲ့ ကြောင်ဆက်ဆံရေး အကြံပေးအဖြစ် ပြန်လည် တာဝန်ယူနေတယ်လို့ သူ့နာမည်နဲ့ အကောင့်က ကြေညာခဲ့ပါတယ်။ တကယ်က သူ့ကို ဘာမြူဒါ အုပ်ချုပ်ရေးမှူး အန်ဒရူး မားဒေ့ါချ်ရဲ့ ခေါ်ယူမွေးစားခြင်းကို ခံခဲ့ရတာပါ။

ပယ်လ်မာစထရွမ်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်ခဲ့ကြောင်း၊ သူဟာ ဘာမြူဒါ အစိုးရ အဖွဲ့ထဲမှာ လူအများ ချစ်ခင်မှုကို အခံရဆုံး မိသားစုဝင် ဖြစ်ခဲ့ကြောင်း X အကောင့်မှာ ရေးသားထားခဲ့ပါတယ်။

ဗြိတိန် နိုင်ငံရေး နယ်ပယ်မှာတော့ ကြောင်လေးတွေဟာ လူအများ အာရုံစိုက်ရတဲ့ အခြေအနေမျိုးတွေကနေ ရံဖန်ရံခါ ပါဝင်ခဲ့ဖူးပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီလ်ဟာ နယ်လ်ဆန်လို့ နာမည်ပေးထားတဲ့ အချစ်တော် ကြောင်လေးတစ်ကောင်ကို မွေးထားခဲ့ဖူးသလို ဝန်ကြီးချုပ် မာဂရက် သက်ချာ လက်ထက်မှာ ဟမ့်ဖရေးဆိုတဲ့ ကြောင်လေးဟာ ဝန်ကြီးချုပ် အိမ်တော်ရဲ့ ကြွက်နှိမ်နင်းရေး အရာရှိချုပ် ဖြစ်လာပါတယ်။ ဝန်ကြီးချုပ် တိုနီဘလဲ လက်ထက်မှာလည်း ဂျွန်မေဂျာဆိုတဲ့ ကြောင်လေးက အဲဒီရာထူး ရခဲ့ဖူးပါတယ်။

လက်ရှိ ဝန်ကြီးချုပ် အိမ်တော်မှာ ရှိနေတဲ့ လယ်ရီကတော့ ကြွက်နှိမ်နင်းရေး အရာရှိချုပ် တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့တာ ၁၅ နှစ် ရှိခဲ့ပါပြီ။ သူဟာလည်း ပယ်လ်မာစထရွမ်နဲ့ ဂေဟာ တစ်ခုတည်းကနေ မွေးစားခံရတာ ဖြစ်ပြီး ဝန်ကြီးချုပ် ၆ ဦးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။