Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နယ် မောင်မယ်ရှောင်ရွာတိုက်ပွဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်တပ် ၂၀ကျော်သေဟု ဒူရကစစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂ခုနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကူစစ်ကြောင်းမှ ဗိုလ်မှူး အေးလွင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

(ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

▪️လက်နက် ၁၈လက်ထက်မနည်းရ၊ မှန်ဘီဒိုထဲ ဝင်ပုန်းနေသူအပါအဝင် စစ်သားနဲ့ရဲ ၁၁ဦး ဖမ်းမိ

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂ခုနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကူစစ်ကြောင်းမှ ဗိုလ်မှူး အေးလွင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၆ရက်မှာ မောင်မယ်ရှောင်ရွာက (GTC) တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ်-ပကဖ DGRFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄နာရီ ကြာမြင့်ခဲ့ပြီး GTC တပ်စခန်း အား ယာယီသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးပါတယ်။ ဘုရားမဲစ-စ်ဆေးရေးဂိတ်အား ရလုနီးဆဲမှာ စစ်ကောင်စီ စစ်ကူ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကောင်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်စခန်း ၂ခု တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦး သေဆုံးကြောင်းခဲ့ပြီး လက်နက်မျိုးစုံ ၁၈လက်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။သိမ်းရတဲ့ လက်နက်ခဲယမ်းတွေက Type 81 စက်လက် (၁) လက်၊ G3 (၁၃) လက်၊ G4 (၂) လက်၊ AK47 (၁)လက်၊ MA5 (၁) လက်၊ G3ကျည်ဘောက် (၇၃) ဘောက်၊ Type 81 ကျည်ဘောက်အဝိုင်း (၁) ဘောက်၊ AKကျည်ဘောက် (၁) ဘောက်နဲ့ ကျည်၊ လက်ပစ်ဗုံးတွေနဲ့ စစ်သုံးပစ္စည်းတွေဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

” စစ်ကူတက်လာသော စစ်ကြောင်းမှ ထားဝယ်မြို့လုံခြုံရေးကို ဦးဆောင်သော ဗိုလ်မှူးအေးလွင် အပါအဝင် ၅ ဦးထပ်မံ သေဆုံး”ဟုလည်း ဒူရက စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လဲကျနေတဲ့ မှန်ဗီဒိုထဲမှာဝင်ပုန်းနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး အပါအဝင် ရဲနဲ့ စစ်သား ၁၁ဦး ဖမ်းမိထားတာကိုလည်း ဓာတ်ပုံမှန်တမ်းနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။

“တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်၊ ရပ်တည် လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခုံလှုံ၍ အမြန်ဆုံးပူးပေါင်း ပေးကြပါရန် ကျွန်တော်တို့ညီနောင်များမှ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်” လို့လည်း ဒူရကစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းစကားပါးထားပါတယ်။

စစ်ဆင်ရေးအခြေအနေတွေ မေးမြန်းဖို့ ဒူရက စစ်ကြောင်းနဲ့ ထားဝယ် ပကဖတို့ကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်နေတဲ့ကာလဖြစ်လို့ ပြည်သူတွေ စစ်ရေး အထူးသတိပြု သွားလာကြဖို့ တိုက်တွန်းထားသလို စစ်ကောင်စီကလည်း လေကြောင်း အသုံးပြု တိုက်ခိုက်တာတွေ ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ လိုက်နာကျင့်ကြံဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။