Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်မှာ စစ်ဘေး ၁၀၀ကျော် အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ လိုအပ်နေ

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ အရေပြားရောဂါများ ဖြစ်ပွားနေတာကြောင့် ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေရပြီး ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များ အရေးပေါ်လိုအပ်နေကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပြောပါတယ်။

(အရေပြားရောဂါခံစားနေရသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-စလင်းပအဖ)

​ဖေဖော်ဝါရီ-၁၈၊ ၂၀၂၆ ​ဇေအောင်/People’s Spring

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ အရေပြားရောဂါများ ဖြစ်ပွားနေတာကြောင့် ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေရပြီး ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များ အရေးပေါ်လိုအပ်နေကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပြောပါတယ်။

စလင်းမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေလို့ လိုက်လံဆေးကုသမှုပေးနေပြီး ယခုရက်ပိုင်းအတွင်း ကျေးရွာ ၄ရွာမှ ပြည်သူ ၁၀၀ကျော်ကို ဆေးကုသမှုပေးခဲ့ကြောင်း စလင်းမြို့နယ်ပြ​ည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

“ရေရှားတယ်။ တကိုယ်ရေ သန့်ရှင်းမှုအားနည်းတယ်။ သံကောင်တွေ ရှိနေကြတယ်။လိမ်းဆေး ကတယောက်တစ်ဘူး မပေးနိုင်ဘူးပေါ့။ ဒေသပေါက်စျေးအရ ကျပ်၄၅၀၀ ကနေ ကျပ် ၇၀၀၀အထိ အစားစားရှိပါတယ်”လို့ စလင်းပအဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရေပြားရောဂါ ဆက်လက်ကုပေးရဦးမှာဖြစ်လို့ သံချဆေး၊ လိမ်းဆေး၊ ကာဘော်လစ်ဆပ်ပြာ၊အဝတ်လျှော်ဆပ်ပြာနဲ့ အရေပြားရောဂါကုသဆေးဝါးတွေလည်း လိုအပ်​နေတယ်လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်တွေဟာ ရေကောင်းရေသန့်မရတာ၊ ဆပ်ပြာအပါအဝင် တကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေ မလုံလောက်တာတွေကြောင့် ဖြစ်ပွားနေကြတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း ကာလရှည် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေထဲက လူကြီးနဲ့ကလေး လူဦးရေ ၁၀၀၀ ခန့်ဟာ အရေပြားရောဂါဝေဒနာများ ခံစားနေရပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနတာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ