Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်တင်သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေးမှာ ဦးစားပေး အသုံးပြုမယ်လို့ အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ပဲ အဓိက ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အင်ဒိုနီးရှားရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို စစ်ရေးထက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ပဲ အဓိက ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အီတလီ ရေတပ်က အနားပေးလိုက်တဲ့ Giuseppe Garibaldi သင်္ဘောကို အင်ဒိုနီးရှား ရေတပ်က လက်လွှဲယူမယ်ဆိုတဲ့ ကိစ္စအပေါ် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကြားမှာ အထူးတလည် စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ ဒါဟာ အင်ဒိုအတွက် ပထမဆုံး လေယာဉ်တင် သင်္ဘောလည်း ဖြစ်လာမှာပါ။

အင်ဒိုနီးရှားဟာ ရန်လိုတဲ့ သဘောထား မူဝါဒတွေကို ကိုင်ဆွဲထားတဲ့ နိုင်ငံမဟုတ်ကြောင်း၊ လေယာဉ်တင် သင်္ဘောတစ်စီးကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒမှာလည်း တခြားနိုင်ငံတွေအပေါ် ရန်လိုတဲ့ သဘောထား မရှိကြောင်း၊ ဒါကြောင့် တခြားနိုင်ငံတွေကို ရန်ပြုတိုက်ခိုက်တဲ့ စစ်ရေးအတွက် အဲဒီရေယာဉ်ကို အသုံးပြုသွားမှာ မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေးဌာနခွဲ အကြီးအကဲ ရီကို ရီကာဒို ဆီရတ်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ လေယာဉ်တင် သင်္ဘောကို သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး မစ်ရှင်လို ကိစ္စတွေမှာ အဓိက အသုံးပြုသွားမယ်လို့လည်း ရီကိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မီတာ ၁၈၀ ရှည်တဲ့ လေယာဉ်တင် သင်္ဘောမှာ ပြေးလမ်းတိုသာ လိုအပ်တဲ့ တိုက်လေယာဉ်တွေ၊ ပြီးတော့ ရဟတ်ယာဉ်တွေ စုစုပေါင်း ၁၈ စီးထိ တင်ဆောင်နိုင်ပါတယ်။ Giuseppe Garibaldi လေယာဉ်တင် သင်္ဘောကြီးဟာ ရေဒါလှိုင်းဖျက် စနစ်တွေ၊ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တွေ တပ်ဆင်ထားပြီး တစ်ကြိမ် လောင်စာဖြည့်ထားရင် ရေမိုင် ၇၀၀၀ လောက်ထိ ဆက်တိုက် ခုတ်မောင်းနိုင်ပါတယ်။

အီတလီ လေယာဉ်တင် သင်္ဘောဟောင်းကြီးကို လက်လွှဲယူနိုင်ခဲ့တဲ့အတွက် အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်းပြီးရင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။

အင်ဒိုနီးရှား သမ္မတ ဆူဘီယန်တို ပရာဘိုဝိုက နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို ခေတ်မီဆန်းသစ်အောင် မွမ်းမံ အဆင့်မြှင့်ဖို့ ကြိုးစားနေပြီး လေယာဉ်တင် သင်္ဘောကြီး ပိုင်ဆိုင်လာရေးဟာလည်း အဲဒီ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ဖွယ်ရှိပါတယ်။

လေယာဉ်တင် ခရူဇာ စစ်သင်္ဘောအဆင့် သတ်မှတ်ခဲ့တဲ့ Giuseppe Garibaldiကို အီတလီ ရေတပ်က ၁၉၈၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ၂၀၂၄ မှာ အနားပေးခဲ့ပါတယ်။ အဲဒီ သင်္ဘောကြီးဟာ အင်ဒိုနီးရှား လက်နက်ကိုင် တပ်ဖွဲ့များနေ့ ကျရောက်တဲ့ အောက်တိုဘာ ၅ ရက်နေ့ မတိုင်ခင် အင်ဒိုနီးရှားဆီ ရောက်ရှိလာမယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေ ပြန်လည် တိုးတက်လာတဲ့အတွက် ပြင်သစ်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီးကို နေရပ်ပြန်ခေါ်တော့မယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။