Connect with us

Hi, what are you looking for?

ကဗျာ

‘ကပ်သုံးပါးကောင်’

◼️ဝိယောဂီ

ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူး
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာ‌လောက်
ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။

သူတော်စင် တစ်ပါးလို
ဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့က
ဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလို
မင်းတို့ရဲ့အယူဝါဒစွဲ‌တွေက
ပူလောင်လွန်းလှချည်လား။

ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာ
ငရဲမီးမဟုတ်ဘူး စုန်းမီး
ငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူး
လောင်မြိုက်နေတာ
ငါဟာ ပူလောင်နေတာမဟုတ်ဘူး
တောက်လောင်နေတာ။

Public Service Announcement

Public Service Announcement

ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်
ပြန်ပြန်ပြုပြင်နေရလို့
အချိန်မအားတဲ့ကောင်တွေက
အရေးထဲဆို..သူများကို
သွားသွား ပြုပြင်ပေးနေရသေးတယ်။

ကိုယ့်ကို မသိတဲ့လူတွေရှေ့မှာ
ကိုယ့်ကိုယ်ကိုယ် မသိချင်ဟန်ဆောင်‌နေ
လိုက်ရတာလောက်
ဘဝမှာ နာကြင်ရတာမရှိဘူး။

ဪ ငါလိုးမရဲ့ ဘဝ။

မတွေ့ချင်ပါဘူးဆိုမှ
မတွေ့ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ထိုင်ခုံချင်းကပ်ရပ် လာလာကျတယ်။
မမြင်ချင်ပါဘူးဆိုမှ
မမြင်ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တည်း
အတူထိုင်လျှက်သား လာလာကျတယ်။

အရေးအကြောင်းဆို
ကိုယ့်အသံကိုယ်တောင် ကိုယ်ပြန်ကြားမှာစိုးလို့
နားကြပ်ထဲကနေ တိတ်တိတ်ကလေး
ပြန်နားထောင်နေရတဲ့ကောင်‌တွေကချည်း
အလိုက်ကမ်းဇိုးမသိ
အော် အော် ဆဲ ပေးနေရတယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဝိယောဂီ’ရေးဖွဲ့တဲ့ “​​​ကပ်သုံးပါးကောင်”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...