Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့၊ တော်လှန်ရေးမှာဆက်ရပ်တည်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော

တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

(စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသမီး ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Salai Timmy Htut/Fb)

မတ်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

“ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဏာရှင်စနစ် တော်လှန်ရေးမှာ အသက်ပေးခဲ့ကြတဲ့ အမျိုးသမီး ရဲဘော်တွေကို လေးစားဂုဏ်ပြုအပ်ပါတယ်။ အခက်အခဲတွေ ကြားက တော်လှန်ရေးလမ်းစဉ်မှာ ဆက်ပြီး ရပ်တည်နေကြတဲ့ အမျိုးသမီးများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဂုဏ်ပြု ဖော်ပြချင်ပါတယ်” လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ မတ်လ ၈ရက်မှာ ကျင်းပါတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက် ရေး ပြည်သူတရပ်လုံး ရုန်းကန်နေရချိန်ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

” ဒီတော်လှန်ရေးလမ်းစဉ်အတွင်း မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လူထုဆန္ဒပြ လှုပ်ရှားမှုတွေမှာ ရဲ့ဝံ့စွာဦးဆောင်နေကြတဲ့သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေကြတဲ့သူတွေ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေကြတဲ့သူတွေ၊ သတင်းအချက်အလက် တွေ ဖြန့်ဝေနေကြတဲ့သူတွေ တချို့နေရာတွေမှာ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေပါ ထမ်းဆောင်နေကြတဲ့သူတွေ အဖြစ်နဲ့ အမျိုးသမီးအင်အားနဲ့ စွမ်းရည်ဟာ အခု ကျနော်တို့ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းမှာ အင်အားစုတခုအနေနဲ့ တည်ရှိနေတယ်”လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အခုအချိန်ထိ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ စစ်အာဏာရှင်စနစ်ကြောင့် အမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေ ကို ရင်ဆိုင်နေရဆဲဖြစ်ဟု ပြောပါတယ်။ လိင်အခြေပြု အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ အလွန်ပဲ စိုးရိမ်စရာ အခြေအနေရှိနေဟု အသိပေးပါတယ်။

အာဏာရှင်တွေ အထူးသဖြင့် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေ အသံမထွက်နိုင်အောင် အသံတိတ်စေဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်မှုတွေ မြှင့်တင်ဖို့ ဆောင်ရွက်နေသလို လိင်အခြေပြု အကြမ်းဖက် မှုတွေ ကာကွယ်တားဆီးနိုင်ဖို့ ဆောင်ရွက်နေတာရှိကြောင်း အသိပေးပါတယ်။

အမျိုးသမီးတွေရဲ့ ပညာရေး၊ စီးပွားရေး လုပ်ဆောင်မှု အခွင့်အလမ်းတွေ တိုးချဲ့ပေးနိုင်ဖို့ လိုအပ်ကြောင်းဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။လူမှုဘ၀ နယ်ပယ်အသီးသီးမှာ တန်းတူညီမျှ ရရှိစေဖို့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်လို့ အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ကူညီပံ့ပိုးကြဖို့ အလွန်အရေးကြီး ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါတယ်။

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ NUG လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညိနှိုင်းရေးကော်မတီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လုံခြုံရေးကို သေချာစေဖို့ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းမြှင့်တင်ဖို့ အတွက် အရေးပေါ် လုပ်ဆောင်ချက်တွေမှာ လက်တွေ့ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။