Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေနံကို ဝယ်ယူဖို့ ထိုင်းအစိုးရ စဉ်းစားနေ

အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင် အကျပ်အတည်း ကာလအတွင်းမှာ ရုရှားရေနံကို တင်သွင်းဝယ်ယူဖို့ ထိုင်းအစိုးရက စဉ်းစားနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Ministry of Foreign Affairs

အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင် အကျပ်အတည်း ကာလအတွင်းမှာ ရုရှားရေနံကို တင်သွင်းဝယ်ယူဖို့ ထိုင်းအစိုးရက စဉ်းစားနေကြောင်း သိရပါတယ်။

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ထဲက ဗီယင်နာ နိုင်ငံတကာ စင်တာမှာ မတ်လ ၁၇ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ခက်ကောင်းက ရုရှားဖက်ကလည်း ထိုင်းဆီ ရေနံရောင်းပေးဖို့ အသင့်ရှိနေကြောင်း မီးစိမ်းပြထားတယ်လို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ရေနံတင်ပို့မှုတွေ ထိုးကျသွားတဲ့ အရှေ့အလယ်ပိုင်း ဒေသက မဟုတ်တဲ့ တခြားရေနံထွက်ရှိရာ နိုင်ငံတွေဆီ ထိုင်းအစိုးရက အပူတပြင်း ဆက်သွယ် ဆွေးနွေးနေကြောင်းလည်း ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။ ထိုင်းက လောလောဆယ် စကားပြောနေတဲ့ထဲမှာ ဘရာဇီး၊ နိုက်ဂျီးရီးယားနဲ့ ကာဇက်စတန် နိုင်ငံတွေလည်း ပါဝင်နေပါတယ်။

ဆီဟာဆက်က လက်ရှိ အခြေအနေအရ ထိုင်းဟာ နောက်ထပ် ၉၅ ရက်ကနေ ရက်ပေါင်း ၁၀၀ စာလောက် အပိုဆောင်း သိုလှောင်ထားတဲ့ ဆီလက်ကျန် ရှိနေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအနေနဲ့ ရေနံရောင်းချပေးဖို့ ဆန္ဒကို အတိအလင်း ပြသနေတဲ့ ရုရှားကိုလည်း ချဉ်းကပ်ထားပြီး ဖြစ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။ လတ်တလောမှာ အမေရိကန်က ရုရှားအပေါ် ရေနံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးထားတဲ့အတွက် ရုရှားရေနံကို ထိုင်းက ဝယ်ယူတာက ပြဿနာ မရှိနိုင်ဘူးလို့လည်း သူက ဆီဟာဆက်က ထောက်ပြခဲ့ပါတယ်။

ထိုင်းရဲ့ ဒုတိယ ဝန်ကြီးချုပ် ဖိဖက် ရတ်ချာကစ်ပရာကန်ကလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဥရောပမှာ အစည်းအဝေးတက်ရင်း ရုရှားဆီက ရေနံစိမ်း ဝယ်ယူနိုင်ရေး ကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း၊ အခုအခါ ညှိနှိုင်းမှုတွေ စတင်နေပြီလို့ ယူဆနိုင်ကြောင်း မတ်လ ၁၇ ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဟောမုဇ် ရေလက်ကြားမှာ ထိုင်းသင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အမှုထမ်း ၃ ဦး ပိတ်မိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူတို့ကို ရှာဖွေနိုင်ရေးအတွက် အီရန် အစိုးရနဲ့လည်း ဆက်သွယ် ဆွေးနွေးနေတယ်လို့ ဆီဟာဆက်က ဆိုပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးက အဲဒီဖြစ်စဉ်အတွက် စာနာဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ဒါကြောင့်လည်း ဟောမုဇ်တဝိုက်မှာ ရေကြောင်းသွားလာမှု မှန်သမျှ ရပ်ဆိုင်းနေဖို့ လိုတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အီရန်ရေတပ်ကို ပူးပေါင်း အကူအညီ ပေးစေမယ်လို့လည်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ကတိပြုခဲ့ကြောင်း ဆီဟာဆက်က သတင်းထောက်တွေဆီ အသိပေးသွားပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ တခြားထိုင်းသင်္ဘောသား ၂၀ ကတော့ အခုအခါ ဇာတိနိုင်ငံဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။