Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်အနီးက ဖလူးကြီးရွာ ဗုံးကြဲခံရပြီး မီးလောင်

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

ဓာတ်ပုံ - ဒေသခံ

မတ် – ၂၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

ဒီနေ့ နေ့လယ်် ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဖလူးကြီးကျေးရွာ၊ အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်းအနောက်ဘက်ခြမ်းက နေအိမ် ၁၅ လုံးခန့် မီးလောင်သွားပြီး လူသူထိခိုက်မှု မရှိဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“မီးလောင်ဗုံးပစ်ခံထိတာ ဒရုန်းနဲ့၊ လူတော့မထိ ၊အိမ်တွေအများကြီးထိတယ်”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တာပါ။

ဒါကြောင့်လေးကေကော်၊ဖလူးလေး၊မင်းလက်ပံ၊ ဖလူးကြီး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးနေရသလို ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁၈ ရက်ကလည်း စစ်ဘေးရှောင်တွေနေထိုင်တဲ့ ပလောတပို့စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် စစ်ရှောင်တစ်ဦးသေဆုံးခဲ့ပါတယ်။

ဒေသခံတွေဟာ ထပ်ခါထပ်ခါရွှေ့ပြောင်းနေရတာကြောင့် လတ်တလောကာလမှာ လူသားချင်းစာနာမှုအကူအညီတွေ အများအပြားလိုအပ်နေတယ်လို့လည်း စစ်ရှောင်တာဝန်ခံတွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook