■တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်က လေကြောင်းက ဗုံးကြဲ
ဧပြီ-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(ဧပြီ၂ ရက်) မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သိမ်းယူထားကြောင်း သတင်းရရှိပါတယ်။
ဒီနေ့မနက်အစောပိုင်းကစပြီး ဖားကန့်ဒေသမှာစစွတပ်ရဲ့ရှေ့တန်းကာကင်းစခန်းတစ်ခုကို KIA နဲ့KPDF တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

Public Service Announcement
ရှေ့တန်းကာကင်းစခန်းတစ်ခုသိမ်းပိုက်ခံရပြီး
ဖားကန့်မှာတိုက်ပွဲပြင်းထန်နေပြီးနောက် မွန်းလွဲ ၁၂နာရီခွဲခန့်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်။
“အမှိုက်ပုံဘက်ကိုကြဲတာ။ အဲ့ဘက်မှာ စစ်တပ်ကုန်းရှ်ိတယ်။ စခန်းတချို့ KIAနဲ့ PDFတွေ သိမ်းတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဟုမ္မလင်းလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး နောက်ထပ်လည်း လေ
ကြောင်းသတိပေးချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လဆန်းကလည်း တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဖေဖော်ဝါရီ ၁၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။
ဒီနေ့မှာလည်း နေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း တိုက်ပွဲပြင်းထန်နေချိန်မှာ ဖားကန့်မြို့ပေါ်ကို စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်အချို့ပါဝင်ဒေသခံငါးဦးဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။
လတ်တလော စစ်ရေးအခြေအနေအရ လုံးခင်း
နဲ့ ဖားကန့်ဒေသသွားတဲ့ လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။
(KIA နဲ့ KPDF တပ်ဖွဲ့ဝင်တွေ။ဓာတ်ပုံ -CJ)


















































