Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ လုံးခင်းရွာတိုက်ပွဲ စစ်သားသစ်နဲ့ပြည်သူ့စစ် သေဆုံးထိခိုက်သူများ​

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

(ဖားကန့် ​မြို့နယ်မှာ ဧပြီလဆန်းပိုင်းတိုက်ပွဲ​တွေမှာ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်)

ဧပြီ-၃၀၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

လုံးခင်းကျေးရွာထဲကဂေါက်ကွင်း၊သုသာန် နဲ့ဆေးရုံကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဧပြီလ ၂၅ရက်နဲ့ ဧပြီလ၂၈ရက်နေ့ နေ့လည်ပိုင်းတိုက်ခိုက်မှုမှာသေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့ပြီး အလောင်းတွေကို ဖြစ်သလို မြုပ်လို့ အပုတ်နံ့တွေထွက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဆေးရုံကုန်းပတ်ချာလည်မှာမြုပ်နေတာ။မသေတာတွေကိုယမ်းချက်ရုံထဲသယ်သွားတယ်။ အများဆုံးသေတာကဝါရာဇွပ်ပြည်သူ့စစ်တွေနဲ့ စစ်မှုထမ်းတွေ။ ချနေတာတော့ တအုံးအုံးပဲ”လို့ ‌KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲမှာအများဆုံးတပ်စွဲထားပါတယ်။

ဖားကန့်​မြို့နယ်မှာဧပြီလ၂ရက်က စတင် တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်တပ်ကလူနေအိမ်တွေနဲ့လူမှုကူညီရေးရုံးတွေမှာပါ တပ်စွဲထားပါတယ်။ ဧပြီလ၁၀ရက်နောက်ပိုင်းတိုက်ပွဲတွေအတွင်း KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအရှိန်မြင့်ခဲ့ပြီး တစ် နေ့ထက်တစ်နေ့တိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်း စစ်တပ်ဖက်မှာထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။ စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ် ။ အဲဒီလမ်းမှာစစ်ကောင်စီတပ်တွေလည်း ရှိနေတဲ့အတွက် အရပ်သားပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ သတိပေးနေကြပါတယ်။ လက်ရှိအခြေအနေအရ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းဟာ လုံခြုံရေးလုံးဝစိတ်မချရဘူးလို့ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။