Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ လုံးခင်းရွာတိုက်ပွဲ စစ်သားသစ်နဲ့ပြည်သူ့စစ် သေဆုံးထိခိုက်သူများ​

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

(ဖားကန့် ​မြို့နယ်မှာ ဧပြီလဆန်းပိုင်းတိုက်ပွဲ​တွေမှာ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်)

ဧပြီ-၃၀၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

လုံးခင်းကျေးရွာထဲကဂေါက်ကွင်း၊သုသာန် နဲ့ဆေးရုံကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဧပြီလ ၂၅ရက်နဲ့ ဧပြီလ၂၈ရက်နေ့ နေ့လည်ပိုင်းတိုက်ခိုက်မှုမှာသေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့ပြီး အလောင်းတွေကို ဖြစ်သလို မြုပ်လို့ အပုတ်နံ့တွေထွက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဆေးရုံကုန်းပတ်ချာလည်မှာမြုပ်နေတာ။မသေတာတွေကိုယမ်းချက်ရုံထဲသယ်သွားတယ်။ အများဆုံးသေတာကဝါရာဇွပ်ပြည်သူ့စစ်တွေနဲ့ စစ်မှုထမ်းတွေ။ ချနေတာတော့ တအုံးအုံးပဲ”လို့ ‌KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲမှာအများဆုံးတပ်စွဲထားပါတယ်။

ဖားကန့်​မြို့နယ်မှာဧပြီလ၂ရက်က စတင် တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်တပ်ကလူနေအိမ်တွေနဲ့လူမှုကူညီရေးရုံးတွေမှာပါ တပ်စွဲထားပါတယ်။ ဧပြီလ၁၀ရက်နောက်ပိုင်းတိုက်ပွဲတွေအတွင်း KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအရှိန်မြင့်ခဲ့ပြီး တစ် နေ့ထက်တစ်နေ့တိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်း စစ်တပ်ဖက်မှာထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။ စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ် ။ အဲဒီလမ်းမှာစစ်ကောင်စီတပ်တွေလည်း ရှိနေတဲ့အတွက် အရပ်သားပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ သတိပေးနေကြပါတယ်။ လက်ရှိအခြေအနေအရ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းဟာ လုံခြုံရေးလုံးဝစိတ်မချရဘူးလို့ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းတာ၊ ဒေသခံလူငယ်တွေကို လူသစ်စုဆောင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်နဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။