Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်မှာ လူငယ်နှစ်ဦးက စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ထံက လက်နက် ၂လက်ယူထွက်ပြေးလာ

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်က လူငယ်နှစ်ဦးဟာ စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ဆီက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တယ်လို့ ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ-၅၊ ၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်က လူငယ်နှစ်ဦးဟာ စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ဆီက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တယ်လို့ ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဆီက လက်နက်ရယူနိုင်ဖို့ ရည်ရွယ်ချက် နဲ့ အသက် ၂၀ ဝန်းကျင်လူငယ်နှစ်ဦးဟာ မတ်လအတွင်း စစ်ကောင်စီတပ်သားသစ် အဖြစ်စုဆောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့နယ်ကပါပဲဗျ။သူတို့နဲ့က အစောထဲက ကျနော်တို့နဲ့အပြင်မှာထဲကသိပါတယ်ဗျ။စစ်တပ်ထဲဝင်ပြီး ၁၅ ရက်လောက်ပဲရှိတယ်။လက်နက်ယူပြီး ပြေးလာတာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကြို့ပင်ကောက် ရဲကင်းစခန်းကနေ မတ်လ ၃၁ ရက်က လက်နက်တွေယူပြီး ထွက်ပြေးလာတဲ့ အဲဒီလူငယ် ၂ဦးက ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့ဝင်အဖြစ်ခံယူပြီး စစ်တပ်ကို တိုက်မယ်လို့လည်း အသိပေးပါတယ်။

MA3 တစ်လက်၊ G3 -တစ်လက်နဲ့ ကျည်အချို့ကို ယူဆောင်လာခဲ့တာကြောင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ က ဆုငွေချီးမြှင့်ခဲ့ပါတယ်။

အခု ဖြစ်စဥ်မတိုင်မီကလည်း စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံခဲ့ရသူ လူငယ် ၅ဦးက Hero ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာပြီး လက်ရှိမှာ စစ်တပ်ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

၂၀၂၅ ကနေ ၂၀၂၆ မတ်လနောက်ဆုံးပတ်အထိ အလင်းဝင် ပူးပေါင်းတာနဲ့လက်နက်ချတဲ့စစ်သုံ့ပန်း သုံးထောင် နီးပါးရှိတယ်လို့ စစ်တပ်ကနေ အလင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း စစ်သားသစ်စုဆောင်းမှုတွေကို စစ်တပ်က ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသအနှံ့က လူငယ်တွေနဲ့အမျိုးသားတွေဟာ ဖမ်းဆီးခံနေရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် စစ်တပ်အင်အားပြုန်းတီးမှုကို ဖာထေးနိုင်ဖို့ နဲ့ လူငယ်တွေ နဲ့ တော်လှန်ရေးကဏ္ဍကို ဖြတ်တောက်နိုင်ဖို့အတွက် စစ်ကောင်စီက ၂၀၂၄မှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး အပတ်စဥ်တစ်ခုကို လူငါးထောင်နှုန်းနဲ့စုဆောင်ကာ လက်ရှိမှာ အပတ်စဥ် (၂၃)) စတင်နေပြီလို့ သိရပါတယ်။

စစ်တပ်ထံက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တဲ့ လူငယ် ၂ဦးကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်က ချီးမြှင့်နေစဉ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။