Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မြို့တော် ပြင်ဦးလွင်က စိန်ဆိုင် ဓားပြတိုက်ခံရ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သေနတ်ပစ်ဖောက်ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦး ဖမ်းမိထားဟုဆို

ဧပြီ-၇၊ ၂၀၂၆/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၁နာရီခွဲလောက်မှာ ပြင်ဦးလွင်မြို့က လူစည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ချယ်ရီလမ်းမပေါ်က မေစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူငယ် ၂ဦးက သေနတ်ပစ်ဖောက် ဝင်ရောက်ဓားပြတိုက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ချယ်ရီလမ်းဆိုတာ လူအရမ်စည်တာ။ အဲဒီလမ်းကို တိုက်ခံရတယ်ဆိုတော့မြို့က ဆိုးနေပြီ။ အဲဒီအချိန်လောက်ကလည်း မိုးရွာနေတယ်။ အဲဒါကို အခွင့်ကောင်းယူတိုက်တာ ထင်တယ်”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦးကို ဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မကြာခဏလာလေ့ရှိတဲ့ စစ်တပ်မြို့တော်တစ်ခုဖြစ်ပြီး လုံခြုံရေးအားကောင်းတဲ့ မြို့အဖြစ် နာမည်ကြီးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်ကလည်း ပြင်ဦးလွင်မြို့လယ်ခေါင်က အောင်စံပယ်ရွှေဆိုင် ​သေနတ်ကိုင်ထားသူ နှစ်ဦးကဓားပြတိုက်ခံခဲ့ရပါတယ်။

ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။

(ဓားပြတိုက်ခံရတဲ့ မေစိန်ရွှေရတနာဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ) 

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Facebook