Connect with us

Hi, what are you looking for?

သတင်း

သမ္မတ ဦးဝင်းမြင့် အကျဉ်းထောင်ကနေ နေအိမ်ပြန်လည်ရောက်ရှိ

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

ဧပြီ – ၁၇ ၊၂၀၂၆/People’s Spring

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

ရွေးကောက်ခံ အရပ်သား အစိုးရ ရဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းမှာကတည်းကစစ်တပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် အဂတိမှု ၊ သဘာဝဘေးအမှု ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ်ပြီး အမှု ၈ မှု အတွက် ထောင်ဒဏ် ၁၄ နှစ်ချကာ တောင်ငူထောင်မှာ အကျဉ်းချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထောင်ဒဏ်တွေထဲက လေးနှစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း စစ်ကောင်စီက လျော့ပေါ့ပါတယ်။ အခုတော့ ကျန်ရှိတဲ့ ထောင်ဒဏ်တွေကနေ လွှတ်ပေးလိုက်တာလို့ စစ်တပ်ရဲ့ ဝါဒဖြန့်ယန္တယား မြဝတီက ကြေညာပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် ၃၅ နှစ်ချထားပေမယ့် ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ လူသိရှင်ကြား ထုတ်ပြန်တာမတွေ့ရပါဘူး။

ဓာတ်ပုံ – Htin Lin Oo/FB

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။