Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးနဲ့ပုဏ္ဏားကျွန်းကို စစ်တပ်ဗုံးကြဲ

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။

ဧပြီ-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။

မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည်ပြင်ရွာ ဘုန်းကြီး​ကျောင်းကို ဧပြီလ ၁၉ရက်နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်မှာ ဗုံးကြဲတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဓာတ်အားခွဲရုံ၊နတလကျောင်းအနီးကို မနက်ဆယ်နာရီခန့်မှာ ဗုံးကြဲသွားတာလို့သိရပါတယ်။

“ဂျက်ဖိုက်တာတွေနဲ့လာကြဲခဲ့တာပါ။ စစ်ရှောင်တွေရှိရာကိုကြဲတာ။ထိခိုက်မှုတွေရှိထားတယ်။တတ်နိုင်သမျှဘေးကင်းရာကိုပို့နေကြတယ်”လို့ မြောက်ဦးမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုဏ္ဏားကျွန်းမြို့နယ်ကို ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံး၁၁လုံးကြဲသွားပြီးနေအိမ်အချို့မီးလောင်ပျက်စီးနေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံသတင်းနှင့်ပြန်ကြားရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေကြောင့်စစ်ရှောင်နေကြရတဲ့ပြည်သူတွေကို အကူအညီပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAသိမ်းပိုက်ထိန်းချုပ်ထားတာပါ။ဒီနေ့လေကြောင်းဗုံးကြဲမှုကြောင့်ထိခိုက်မှုတွေကိုအသေးစိတ်မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားထားပါတယ်။စစ်ကောင်စီကအရပ်သားပြည်သူတွေကိုဦးတည်ပြီးတော့ပစ်ခတ်နိုင်လို့ စစ်ရေးနဲ့လုံခြုံရေးအန္တရာယ်သတိပြုကြဖို့ AAက ထုတ်ပြန်ထားပါတယ်။

(ဧပြီ ၁၉ ရက်မှာ စစ်တပ်က ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ။ Wai Hun Aung ၊PYA-Ponnagyun Youth Assocation)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။